Pages

Powered by Blogger.

Saturday, June 28, 2014

ကျောင်းသား ၃၀၀ ကို ပညာသင်ကြားပေးနိုင်ခဲ့တဲ့ ဆိုက်ကားသမား

 
ကျောင်းသား ၃၀၀ ကို ပညာသင်ကြားပေးနိုင်ခဲ့တဲ့ ဆိုက်ကားသမား
လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကားသမား တစ်ယောက် ရှိပါတယ်။ အဲဒီခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါတယ်။ သူဟာ အသက်ကြီးသောကြောင့် အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။
တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ လုပ်လုပ်နေသော ကျောင်းနေ အရွယ် ကလေးတွေကို မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါတယ်။ ဒါကြောင့် ထိုကလေးတွေကို ကျောင်းထားပေးဖို့ သူစိတ်ကူး လိုက်တယ်။
ထို့ကြောင့် ဘေဖန်လီဟာ သူ၏ ဆိုက်ကားနှင်းတဲ့ အလုပ်ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခပေးရမှာ စိုးသောကြောင် သူဟာ ဘူတာရုံမှာ နေပါတယ်။ အဝတ်အစားဆိုလျှင်လည်း ဝယ်ပြီးမဝတ်ပါဘူး။ လမ်းဘေးမှာ သူများတွေ ပစ်ထားသော အဝတ်အစားတွေကိုပဲ ဝတ်ပါတယ်။ အစားအသောက်ဆိုလျှင်လည်း ချို့ချို့တည့်တည့် စားပြီး ပိုက်ဆံကို စုဆောင်းခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက်မှာ သူ၏ အသက်ဟာ ၉၀ ရှိပါပြီ။ တရုတ်နိုင်ငံမှ တန်ဂျင်ရိုဟ ဆိုတဲ့ အလယ်တန်းကျောင်းကို သွားခဲ့ပါတယ်။ ထို့နောက် သူဟာ အခုလိုပြောပါတယ်။
" ကျွန်တော် အလုပ်မလုပ်နိုင် တော့ပါဘူး၊ ဒီပိုက်ဆံဟာ ကျွန်တော်၏ နောက်ဆုံးထောပ်ပံ့ငွေပါ။ " ထိုအချိန်မှာ အဲဒီကျောင်းမှ ဆရာမနှင့် ကျောင်းသားတွေဟာ မျက်ရည်တွေ ကျခဲ့ကြပါတယ်။
ဘေလီဖန်ဟာ ၃၅၀၀၀၀ ယွမ်ကို ဆင်းရဲသော ကျောင်းသားများအတွက် လှူဒါန်းလိုက် ပါတယ်။ ၎င်းဟာ ၂၀၀၅ ခုနှစ်မှာ လူ့လောကကြီးကို ကျောခိုင်းထွက်ခွာ သွားခဲ့ပါတယ်။
အချုပ်အားဖြင့် ဆိုရလျှင် လေလီဖန်ဟာ အလွန်ဆင်းရဲသော လူ့အသိုင်းအဝိုင်း မှာ ပေါက်ဖွားကြီးပြင်း လာခဲ့တယ်။ သူဟာ ဆိုက်ကားနှင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တယ်။ သူဟာ ပညာမတတ်ပါဘူး။
သို့သော်လည်းပဲ သူဟာ ကျောင်းသား ၃၀၀ ကို ပညာတတ်အောင် သင်ကြားပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဘေလီဖန်ဟာ ဂုဏ်ယူ လေးစားထိုက်တဲ့ လူတစ်ယောက် ဆိုလည်း မမှားပါဘူး။ လောကမှာ ဖြစ်ချင်တဲ့စိတ်၊ လုပ်ချင်တဲ့စိတ် တစ်ခုတည်းသာ ရှိပါစေ အရာအားလုံး၊ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မှာ အလွဲဧကန်ပါ။
တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုလျှင် မိမိတစ်ယောက်တည်း အောင်မြင်နေရုံဖြင့် မလုံလောက်ပါဘူး။ မိမိပတ်ဝန်းကျင် မိမိအသိုင်းကိုပါ ပြုပြင်ပြောင်းလဲ ပေးနိုင်ရ လိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

Tuesday, June 17, 2014

Knowledge is worth as much as gold!"

တရုတ်ပြည်မှာ ဘဏ်တစ်ဘဏ်ကို ဓားပြ ၀င်တိုက် ပါတယ်။ ဓားပြတွေက "ဘယ်သူမှ မလှုပ်နဲ့။ ဒီပိုက်ဆံ တွေက အစိုးရနဲ့ ဆိုင်တယ်။ အသက် ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်" အဲ့အခါ လူတွေက မခုခံဘဲ တိတ်တိတ်လေး ၀ပ်နေလိုက် ကြပါတယ်။ ဒါက လူတွေရဲ့ တွေးခေါ်မှုကို ပြောင်းလိုက်တဲ့ "Mind Changing Concept" ပါ။
ဓားပြတိုက် ပြီးတော့ MBA ဘွဲ့ရထားတဲ့ ဓားပြ အငယ်က ပိုက်ဆံတွေကို ရေဖို့ လုပ်ပါတယ်။ သူငယ်တန်း လောက်ပဲ စာသင်ခဲ့ ရတဲ့ ဓားပြ အကြီးက မာန်လိုက်ပြီး "ဒီပိုက်ဆံ တွေကို ရေစရာ မလိုဘူး။ ညကျ သတင်းမှာ ဘယ်လောက်လဲ ဆိုတာ ပါလာလိမ့်မယ်။" ဒါက အတွေ့အကြုံ "Experience" ပါ။
ဓားပြတွေ ထွက်သွားတော့ ဘဏ်မန်နေဂျာက သူ့အထက် အရာရှိကို ရဲခေါ်ဖို့ ပြောပါတယ်။ အထက် အရာရှိက "နေဦး။ ဓားပြ တိုက်သွားတဲ့ စာရင်းထဲမှာ ငါးသန်းလောက် ပိုထည့်လိုက်" ဒါက အဆိုးရွားဆုံး အခြေအနေ မှာတောင် ကိုယ့်အတွက် ကျန်အောင် လုပ်ယူတတ်ခြင်း "Swim with the tide"ပါ။
နောက်တစ်ရက် သတင်းမှာ ဘဏ်ကနေ ဆယ်သန်း ဓားပြ တိုက်ခံ ရတယ်လို့ ပါလာ ပါတယ်။ ဓားပြတွေ ဘယ်နှစ်ကြိမ် ရေတွက် ရေတွက် သူတို့ရဲ့ ပိုက်ဆံက ၂သန်းပဲ ရှိပါတယ်။ ဓားပြ တွေက အရမ်း ပေါက်ကွဲ သွားပါတယ်။ သူတို့က သက်စွန့်ဆံဖျား ဓားပြ တိုက်ပြီး ၂သန်းပဲ ရချိန်မှာ ဘဏ်မန်နေဂျာက ဘာမှ မလုပ်ဘဲ ၈သန်းလောက် ရသွား ပါတယ်။ ဒါက အကြံ ဗဟုသုတက ရွှေလို အဖိုးတန်တယ် ""Knowledge is worth as much as gold!" ပါ။
ဘဏ်မန်နေဂျာက ပြုံးပျော် နေပါတယ်။ မနေ့က သူရှုံးခဲ့တဲ့ ရှယ်ယာတွေ ဒီနေ့ အကုန်ပြန် ရလာပြီလေ။ တစ်လ တစ်ခါလောက် ဓားပြ တိုက်ခံရရင် ကောင်းမယ် လို့တောင် တွေးနေမှာပါ။ ဒါက အခွင့်အရေး အရယူ တတ်ခြင်း ""Seizing the opportunity" ပါ။
Credit To OMG