Pages

Powered by Blogger.

Sunday, October 5, 2025

ဒီဗီဒီယိုတွေနဲ့ စတင်ပြီး၊ အွန်လိုင်းမှာရှိတဲ့ အခမဲ့ AI tools တွေကို စမ်းသပ်အသုံးပြုကြည့်ပါ၊

 programming နဲ့ သင်္ချာကို ကျွမ်းကျင်မှ AI အကြောင်း သိနိုင်တာမဟုတ်ပါဘူး၊ AI ဟာ လူတိုင်းအတွက်ပါ။ စတင်လေ့လာဖို့ အကောင်းဆုံးနည်းလမ်းကတော့ AI ဆိုတာ ဘာလဲ၊ နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးပြုနိုင်လဲဆိုတာကို ရှင်းပြပေးထားတဲ့ ရိုးရှင်းတဲ့ ဗီဒီယိုတွေကို ကြည့်ရှုခြင်းပဲ ဖြစ်ပါတယ်။ အစမှန်မှန်နဲ့ ပျော်ပျော်ရွှင်ရွှင် လေ့လာရင်း တဖြည်းဖြည်းနဲ့ ပိုမိုနက်ရှိုင်းတဲ့ အကြောင်းအရာတွေကို ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ AI ခရီးလမ်းကို စတင်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုတွေက ကူညီပေးပါလိမ့်မယ် 👇 1️⃣ AI Basics for Beginners – CodeBasics 👉 https://www.youtube.com/watch?v=VGFpV3Qj4as 2️⃣ What is Artificial Intelligence (AI)? In Simple Words – Simplilearn 👉 https://www.youtube.com/watch?v=JMUxmLyrhSk 3️⃣ Artificial Intelligence Explained in 2 Minutes – ColdFusion 👉 https://www.youtube.com/watch?v=2ePf9rue1Ao 4️⃣ AI for Everyone (Quick Intro) – Andrew Ng (DeepLearning.AI) 👉 https://www.youtube.com/watch?v=4jmsHaJ7xEA 5️⃣ 101 Ways To Use AI In Your Daily Life 👉 https://www.youtube.com/watch?v=zkXonmqIBFg 💡 ဒီဗီဒီယိုတွေနဲ့ စတင်ပြီး၊ အွန်လိုင်းမှာရှိတဲ့ အခမဲ့ AI tools တွေကို စမ်းသပ်အသုံးပြုကြည့်ပါ၊ ပြီးတော့ သင်ယူမှုလုပ်ငန်းစဉ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါ။ AI ဟာ နည်းပညာသမားတွေအတွက်ပဲ မဟုတ်ပါဘူး၊ သင့်အတွက်လည်း ဖြစ်ပါတယ်ဆိုတာကို မှတ်ထားပါ! 🚀

#LearnAI #AIBasics #AIForEveryone #ArtificialIntelligence #BeginnerFriendly #TechTips #FutureOfAI #AIExplained #AIEducation #AI2025 #TechWaves

Ai တွေကို ဘယ်လိုPromptတွေနဲ့ မေးပြီးခိုင်းလို့ရလဲ


အခုတလော Ai တွေသုံးပြီး analysis လုပ်ခိုင်းတာတွေ business plan ,marketing planတွေဆွဲခိုင်းလို့ရတယ်ဆိုတာတွေကိုပြောနေကြတော့ မိတ်ဆွေတို့လည်း သိချင်ကြမယ်ထင်ပါတယ် Ai တွေကို မေးတဲ့အခါ မေးတဲ့ Prompt engineeringနည်းစနစ်ကိုကောင်းကောင်းသိရင် Aiတွေကို အသုံးချရတာပိုပြီး အဆင်ပြေပါတယ် ဒါကြောင့် promptနည်းစနစ်တွေကို လွယ်လွယ်နားလည်အောင် ရှင်းပြပေးပါ့မယ်။

ပထမဦးဆုံး Ai တွေမှာ လူသုံးများတာ ဘာတွေရှိလဲဆိုတော့ Chatgpt ,Deepseek ,Gemini စသဖြင့် ရှိကြပါတယ် Chatgpt နဲ့ deepseekကတော့ analysisနဲ့ planningပိုင်းတွေမှာ ပိုကောင်းပါတယ် Geminiကတော့ photoတွေအတွက် ပိုကောင်းတယ်လို့မြင်ပါတယ်။

ဒီလိုAiတွေကိုမေးတဲ့အခါ Input - Process - Outputဆိုပြီး သွားပါတယ် Input ကိုယ်မေးတဲ့ဟာက ပိုပြီးတိတိကျကျနဲ့ dataအချက်အလက်တွေပေပြီးမေးလေလေ Aiက processလုပ်တာ ပိုတိကျပြီး Outputကပိုကောင်းလေးလေးဖြစ်ပါတယ် နောက်Aiကိုမေးတဲ့အခါ ဘယ်လိုလူတစ်ယောက်လို့သဘောထားပြီးမေးတယ်ဆိုတာကို ပြောပြရပါမယ်

ဥပမာ business consultant အနေနဲ့လား ၊ marketing manager professionalအနေနဲ့လား ၊ finance managerအနေနဲ့လား ၊ professorအနေနဲ့လား စသဖြင့် Aiက ဘယ်လိုလူမျိုးပုံစံနဲ့ ဖြေပေးရမယ်ဆိုတာကို သူရဲ့ roleကိုပြောပေးရမှာဖြစ်ပါတယ်။

ဒါပြီးရင် ကိုယ်ကသူ့ကို ဘာလုပ်ခိုင်းမယ်ဆိုတဲ့ taskကိုပေးရပါမယ် ဥပမာ marketing plan ,business planဆွဲခိုင်းမှာလား data analysisလုပ်ခိုင်းမှာလားဆိုတာကို ပြောပေးရပါတယ် လိုအပ်ရင် excel file,power point fileတွေပေးပြီး ဒီထဲက အချက်အလက်တွေကို အခြေခံပြီး analysisလုပ်ပေးပါ planဆွဲပေးပါမေးရပါမယ်။တကယ်လို့ fileမပေးချင်ရင် အသေးစိတ် အချက်အလက်တွေပေးရပါမယ်

Business planဆွဲချင်ရင် မိမိလုပ်ငန်းက ဘာလဲ နောက်လက်ရှိအခြေအနေတွေဖြစ်တဲ့ မိမိရဲ့ sales အခြေအနေ ၊စျေးကွက်အခြေအနေ ၊ target customerက ဘယ်သူ၊ လုပ်ငန်းတစ်နှစ်စာ objectiveက ဘာတွေ၊budget ဘယ်လောက်သုံးမယ် စသဖြင့် detail inputတွေကို ပေးရမှာဖြစ်ပါတယ်။

ဥပမာ

  1. Business Information (လုပ်ငန်းအချက်အလက်)
  • လုပ်ငန်းအမျိုးအစား (ဥပမာ – Coffee Shop, E-commerce, Skincare Brand)
  • Brand Positioning (Luxury, Budget, Local, International)
  • Product/Service Features (ဘာထူးခြားချက်ရှိသလဲ)
  1. Target Audience (ပစ်မှတ်ဈေးကွက်)
  • လူနည်း/အသက်အရွယ် (ဥပမာ – 18-25, Gen Z, Working Moms)
  • နေရာ (Yangon, Mandalay, Online Only)
  • ဝယ်ယူစွမ်းအား (Budget, Mid-range, Premium)
  • Customer Behavior (Facebook ပိုသုံးသလား, TikTok ပိုကြိုက်သလား)
  1. Market Data (ဈေးကွက်အခြေအနေ)
  • ပြိုင်ဘက်တွေ (Competitors) – သူတို့ရဲ့ ဈေးနည်းလမ်း, Platform သုံးပုံ
  • Trend (ဈေးကွက်မှာ လက်ရှိ ပေါ်ပေါက်နေတဲ့ အရာများ)
  • Market Gap (ဈေးကွက်ထဲမှာ မရှိသေးတဲ့ အခွင့်အလမ်း)
  1. Budget & Resources (ဘဏ္ဍာရေး / အရင်းအမြစ်)
  • Marketing Budget (ဥပမာ – တစ်လ $500, $2000)
  • Human Resources (Social Media Manager ရှိ/မရှိ, Freelancer သုံးမလား)
  • Available Tools (Facebook Ads, Google Ads, Influencer, Email Marketing)
  1. Business Goal (ရည်မှန်းချက်)
  • Short-term Goals (၃ လအတွင်း – Followers တိုးချင်တယ်, Sales တိုးချင်တယ်)
  • Long-term Goals (၁ နှစ်အတွင်း – Market Share ၁၀% ရချင်တယ်)
  • KPIs (Key Performance Indicators – Sales Volume, Conversion Rate, Website Traffic) စတာတွေကို အသေးစိတ်ပေးရမှာဖြစ်ပါတယ်။

ရေးတဲ့အခါ Digital Marketing Plan ဆိုရင်

"သင်ဟာ Digital Marketing Expert တစ်ဦးပါ။ ကျွန်တော့်လုပ်ငန်းက Yangon မှာရှိတဲ့ Skincare Brand ဖြစ်ပြီး ပစ္စည်းတွေက Natural Ingredients နဲ့ ပြုလုပ်ထားတာပါ။ Target Audience က 18-30 နှစ်, အမျိုးသမီးတွေ, Facebook & TikTok သုံးသူတွေ ဖြစ်ပါတယ်။ Marketing Budget က တစ်လ $500ပဲ ရှိပါတယ်။ ၃ လအတွင်း Sales 30% တိုးချင်တယ်။ ဒီအခြေအနေအတွက် Social Media Marketing Plan တစ်ခု ဆွဲပေးပါ။ အဖြေကို Strategy, Channel, Content Idea, KPI ဆိုပြီး ချိုးဆက်ပြီးဖော်ပေးပါ။" စဖြင့်ရေးပေးရပါတယ် နောက်ထပ်ပြီး ကျွန်တော်ရဲ့ ပြီးခဲ့တဲ့ sales dataတွေက ဒီexcel file ဖြစွပါတယ်ဆိုပြီး excel file နဲ့ sales dataတွေကို လအလိုက် SKU အလိုက်ပေးပြီး လုပ်ခိုင်းရင်ပိုကောင်းမှာဖြစ်ပါတယ်။

ဒီမှာ တစ်ချက်သတိပြုရမှာက Ai က တခါတလေ လျှောက်ပြောပြီး ရွှီးတက်ပါတယ် Ai ဆွဲတဲ့planကိုပဲ တန်းပြီးသုံးတာ အဆင်မပြေပါဘူး ideaယူတာလောက်ပဲ ကိုယ့်ဆွဲမယ်planအတွက် ထည့်စဥ်းစားတဲ့ documentအနေနဲ့ပဲသုံးသင့်ပါတယ် နိုင်ငံရေး စီးပွားရေးအခြေအနေကလည်း အမြဲပြောင်းနေပြီးကိုယ်က ကျွမ်းကျင်သူဆိုရင် Aiထက်ပိုပြီး မြန်မာနိုင်ငံအခြေအနေ သိတာကြောင့်ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူတင်ပါတယ်။ Myint Maung Maung Tun