Pages
Powered by Blogger.
Saturday, January 27, 2018
အမေရိကန်ပြည်ထောင်စုတွင် (၆)နှစ်တာ ကြိုးပန်းဆောင်ရွက်ချက်များ အပိုင်း(၂)
Kyaw Tun
ထိုကျောင်းအသစ်ကိုရောက်သည့် ပထမဆုံးနေ့ တွင် Required Art ဆိုသည့်အခန်းတွင် မြန်မာကောင်မလေးတစ်ယောက်နှင့် တွေ့ ရှိခဲ့ပါသည်။ အခန်းဆရာက Where are you from? လို့ မေးရာတွင် ကျွန်တော်က I’m from Burma လို့ ပြောရာတွင် ဆရာကနေ အတန်းထဲတွင်မြန်မာကလာတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်လို့ ပြောပြီး ကျွန်တော့်ကို နေရာတစ်နေရာတွင်ထိုင်ခိုင်းပါသည်။ ထိုနေရာသည် မြန်မာကောင်မလေးထိုင်သော နေရာဧ။် နောက်ကခုံဖြစ်သည်။ သူနှင့် တမင် ထိုင်ခိုင်းချင်းဖြစ်မည်ပာု နောက်မှနားလည်ခဲ့ပါသည်။ ကျွန်တော့်ရှေ့ တွင် ကောင်မလေးနှစ်ယောက်ရှိသည်။ ဘယ်သူကမြန်မာဆိုတာမသိပါ။ ကျောင်းခေါင်းလောင်းထိုးပြီး အတန်းချိန်စပြီးတဲ့အခါ ဆရာကနေ ညာဘက်က ကောင်မလေးတစ်ယောက်ဆီသွားပြီး He’s from Myanmar လို့ ပြောတော့ သူက ကျွန်တော့်ဘက်လှည့်ပြီး မြန်မာနိုင်ငံကလာတာလား စကားစပြောပါသည်။ သူနှင့် စကားပြောရချိန်တွင် မြန်မာသူငယ်ချင်းရလိုက်ပြီ ၊ မသိတာတွေအကုန်မေးနိုင်သည်ဆိုတာကြောင့် စိတ်ပျော်ရွှင်သွားပါသည်။ သူသည် မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတစ်ယောက်ဖြစ်ပါသည်။ ရန်ကုန်က မြန်မာသူငယ်ချင်းတစ်ယောက်လိုပဲ မြန်မာလိုပြောနိုင်ပါသည်။ နောက်ထပ်လာမည့် နေ့ များတွင်သူသည် ကျွန်တော်မေးသမျှကို ဖြေသူ ၊ ကျွန်တော့်ကို အများကြီးသင်ပြပေးသူ ဖြစ်လာပါသည်။ AP အခန်း ဆိုတာမသိခဲ့ပါ။ သူက စတင်မိတ်ဆတ်ပေးတာဖြစ်ပါသည်။ှတသူနှင့်ကျွန်တော်အမှတ်တရတွေအများကြီးရှိခဲ့ပါသည်။ Report Card တွေ ပေးသောအချိန်တွင် 94% ပျမ်းမျှရမှတ်ရသော သူ့ ပာာကို ကြည့်ပြီး ကျွန်တော်ရသော Report Card ကို မပြချင်သောအခါ သူက ကျွန်တော့်ပာာကို အတင်းဆွဲယူပြီး ကြည့်ခဲ့တဲ့အချိန် ၊ တစ်ခါတစ်လေ ဘတ်စ်ကားပေါ်မှာ တွေ့ ရင် မနက်ခင်းတူတူ ကျောင်းကို ကားဂိတ်ကနေ လမ်းလျှောက်သွားခဲ့တဲ့အချိန်တွေကို သတိရပါသည်။ ကျွန်တော့်ကို ဗပာုသုတတွေ ကျွန်တော်မမေးတာတောင် ပြောပြတတ်ပြီး အမြဲတမ်း honor, honor အတန်းပဲ ၀င်အောင် ပြောတတ်ပါသည်။ သူ ကနေ တစ်ဆင့် ကျောင်းတွင် မြန်မာတစ်ယောက်ရှိတာကို ပြောပြပါသည်။ တိုက်ဆိုင်စွာပင် သူသည် ကျွန်တော့် Drama ESL အခန်းတွင် ရှိနေပါသည်။ ကျွန်တော်အစက သတိမထားမိပါ။ ကျွန်တော့်ခေါင်းထဲတွင် အပူတွေရှိနေတာကြောင့် အတန်းတစ်ခုလုံးကို လိုက်မကြည်မိပါ။ နောက်သိတော့ လိုက်ကြည့်တော့မှ မြန်မာပာုထင်ရသော သူတစ်ယောက်ကို Where are you from? လို့ သွားမေးတော့မှ ငါမြန်မာကလာတာဆိုပြီး စကားတွေပြောပြီး သူငယ်ချင်းစတင်ဖြစ်ခဲ့ပါသည်။ ကျွန်တော်တတ်သော ကျောင်းအသစ်တွင် ရသော အချိန်စာရင်းက အခန်း(၂)ခုတွင် မြန်မာ(၂)ယောက်နှင့် တွေ့ ရတာ ထူးခြားလှပါသည်။ သူနှင့် ကျောင်းဆင်းသောအခါ ဘတ်စ်ကား တူတူစီးပြီး ပြန်ကြပါသည်။ ကျောင်းသား ၊ ကျောင်းသူတွေ ကြပ်နေသော ဘတ်စ်ကားပေါ်တွင် ပာိုရောက် ဒီရောက် စကားတွေပြောကြတာကို ခုချိန်ထိမှတ်မိပါသည်။ တစ်ခါတစ်လေ သူ့ အိမ်နားကို လမ်းလျှောက်တောင် သွားကြပါသည်။ ကျောင်းက Brooklyn, New York တွင်တည်ရှိပြီး Coney Island ဆိုသည့် ကမ်းခြေနှင့်နီးတာကြောင့် သူနှင့်အတူ ကျွန်တော်တို့ နှစ်ယောက် ကမ်းခြေကို Q ရထားနှင့် သွားကြပါသည်။ Kings Highway Q train station သည် ကျောင်းနားက ရထားဂိတ်ဖြစ်ပါသည်။ Q လိုင်းပေါ်တွင် Kings Highway နှင့် Coney Island သည် (၄) (၅) မှတ်တိုင်ဖြစ်ပါသည်။ ကျောင်းဆင်းတာနှင့် ကမ်းခြေကို နှစ်ယောက်သား သွားကြပါသည်။ ရန်ကုန်တွင်နေတုန်းက ကမ်းခြေကိုအရမ်းသွားချင်ပါသည်။ အခု ကျောင်းဆင်းတာနှင့် ကမ်းခြေကို (၁၅)မိနစ် မိနစ် (၂၀)အတွင်းရောက်တာကြောင့် ကြိုက်မိပါသည်။ ရန်ကုန်ကလူတွေ ကမ်းခြေသွားချင်ရင် ချောင်းသာကို ကားအကြာကြီး မောင်းသွားရတယ်။ ငါကတော့ (၁၅)မိနစ်နဲ့ ရောက်တယ် ဆိုတာကိုကြိုက်နှစ်သက်မိပါသည်။ သူနှင့် ကမ်းခြေကို ရောက်သည့်အခါ သဲသောင်ပြင်ပေါ်တွင် လမ်းလျှောက်ကြပါသည်။ သဲသောင်ပြင်ပေါ်တွင် လမ်းလျှောက်ကြသောအခါ မြင်ရသောအတွဲတွေကိုကြည့်ပြီးသူက တစ်နေ့ တော့ ငါကမ်းခြေကို ကောင်မလေးတစ်ယောက်နှင့်လာချင်တယ် ဆိုတာကိုပြောပါသည်။ နောင်တစ်ချိန်တူတူသွားလည်း ဒါပဲပြောပါသည်။ တစ်ချိန်က သွားတော့ ရာသီဥတုမကြည့်ဘဲ သွားတာကြောင့် လေတွေတအားတိုက်တာကြောင့် သဲတွေက ပါးစပ်ထဲ ၊ နှာခေါင်းထဲတောင် ၀င်လာတာကို တွေ့ ကြုံရပါသည်။ အလွန်ခံရခက်ပါသည်။ စကားတောင်မပြောနိုင်ပါ။ ဒီလို ရာသီဥတု အေးပြီး လေတွေတအားတိုက်သည့်အချိန်တွင် ကမ်းခြေလာသည့်သူအရူးသည် ကျွန်တော်တို့ နှစ်ယောက်ဖြစ်ပါသည်။ ကျန်သည့် မြန်မာကောင်မလေးကို ခေါ်လို့ မရပါ။ သူကမအားဘူး ဆိုပြီးလာမတွေ့ ပါ။ သူက စာအရမ်းလုပ်သူတစ်ယောက်ဖြစ်ပါသည်။ သူသည် ဆရာဝန်ဖြစ်ချင်သည်ပာု ပြောပါသည်။ ဖြစ်ချင်တော့ သူနှင့်ကျွန်တော်တို့ နှစ်ယောက်စလုံး မြန်မာကျူရှင်ဆရာတစ်ယောက် နှင့်သင်ပါသည်။ ၂၀၁၂ ၊ ၂၀၁၃ ၀န်းကျင်တွင် နယူးယောက်မြန်မာအသိုင်းအ၀ိုင်းတွင် မြန်မာဆရာတစ်ယောက်ရှိပါသည်။ သူ့ ကို သင်ပေးသော ဆရာသည် ကျွန်တော့်ကို သင်ပါသည်။ ဒီဆရာသည် မြန်မာကလေးတွေ တော်တော်များများကို သင်ပါသည်။ ကျွန်တော်က James Madison High School သွားတော့ သူက အဲ့ကျောင်းမှာ မြန်မာကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ ကိုသိလားဆိုတော့ ကျွန်တော်ကသိတယ်လို့ ပြောတော့ သူ့ အကြောင်းတွေပြောပြပါသည်။ှသူ ကဆရာဝန်ဖြစ်ချင်ကြောင်း ၊ှSAT တွင်အမှတ်မြင့်မြင့်လိုချင်ပေမဲ့ အခုတော့ အင်္ဂလိပ်စာတွင်အမှတ်တွေ တစ်အားနည်းနေကြောင်း စတာတွေကို ပြောပြပါသည်။ သူ ကျွန်တော့်ကို မပြောပြတာတွေ အကုန် ကျွန်တော်သိလိုက်ရပါသည်။ ဒီဆရာသည် ကျွန်တော်နားမလည်သော Chemistry ကို အဓိကထားရှင်းပြပါသည်။ ကျွန်တော် သိပ္ပံတွင်မတော်ပါ။ ကြိုက်လည်း မကြိုက်ပါ။ လုံးဝကိုမကြိုက်ပါ။ ကျောင်းတွင် အင်္ဂလိပ်လိုရှင်းပြတာ ကျွန်တော်နားမလည်ပါ။ အင်္ဂလိပ်လို ဖတ်ရတာလည်း နားမလည်ပါ။ သူ မြန်မာလိုရှင်းပြမှ ၊ ဖတ်စာအုပ်ထဲက စာတွေကို တစ်ကြောင်းချင်းစီ မြန်မာလိုရှင်းပြမှ ကျွန်တော်နားလည်ပါသည်။ သူပြောပြမှ မေးခွန်းတွေကို ဖြေတတ်သွားပါသည်။ အလွတ်ကျက်ဆိုတာ လုံးဝမရပါ။ မေးခွန်းတွေက ဖြေရှင်းရတာတွေဖြစ်ပါသည်။ အင်မတန်ခက်ပါသည်ပာုသာ ပြောချင်ပါသည်။ ကိုယ့်ပာာာကိုယ်တောင် ဘာလုပ်နေမယ်ဆိုတာတောင် နားမလည်ပါ။ သူပြောပြမှ အရင်ကထက်ဆိုင်ရင် နားလည်လာပါသည်။ အကုန်အထိ နားမလည်သေးပါ။ သူပြောပြလို့ စာမေးပွဲပောာင်းတွေကို လေ့ကျင့်ခိုင်းလို့ ကျွန်တော် Chemistry ကို ကျလုနီးပါးကနေ 82 လောက်နှင့် အောင်ခဲ့တာဖြစ်ပါသည်။ ကျွန်တော် New York ပြည်နယ်တွင် နေထိုင်တာဖြစ်သည့်အတွက် New York State Regent Exam ကိုဖြေရပါသည်။ အထက်တန်းကျောင်းသား ၊ ကျောင်းသူ တိုင်းဖြေရပါသည်။ ဘာလာမယ်ဆိုတာ ကြိုမသိပါ။ သင်ပေးတဲ့ ဆရာ ၊ ဆရာမတွေ တောင်မသိပါ။ မေးခွန်းပောာင်းတွေကို သုံးပြီးလေ့ကျင့်ရတာဖြစ်ပါသည်။ မေးခွန်းပောာင်းတွေနှင့် ပုံစံတူသည်ပာု ဆရာမတွေက ပြောကြပါသည်။ သူက ကျွန်တော့်ကို မေးခွန်းပောာင်းတွေ အများကြီးဖြေခိုင်းပါသည်။ အိမ်စာတွေလည်း အများကြီပေးပါသည်။ သူက ကျွန်တော်နားမလည်သော တစ်ခြားဘာသာရပ်တွေကို သင်ကြားပေးပါသည်။ 10th grade တွင် Geometry သင်ရသည့်အတွက် ကျွန်တော်နားမလည်တဲ့ သင်္ချာတွေကို သင်ပေးပါသည်။ ကျွန်တော့်ကို ၁၀ တန်းအပြီး နွေရာသီတွင် နောက် (၁၁)တန်းအတွက် Physics, Trignometry တွေကို ကြိုသင်ပေးပါသည်။ စာအုပ်လည်း ငှားပါသည်။ှSAT လည်း သင်ပေးပြီး အထူးသဖြင့် သင်္ချာကို သင်ပေးပါသည်။ ထိုနွေရာသီက အင်မတန်ခက်ခဲပါသည်။ ရူးလောက်အောင် ရူးသွားသည့် နွေရာသီဖြစ်ပါသည်။ တစ်ချိန်ထဲတွင် အမေရိကန်တွေနှင့ှ်SAT ကျူရှင်တူတူတက်သည့်အခါ ကျွန်တော့် အင်္ဂလိပ်စာအမှတ်တွေသည် သူတို့ နှင့်ယှဉ်လိုက်ရင် အင်မတန်နိမ့်နေတာကြောင့် စိတ်ဓာတ်ကျရပါသည်။ နွေရာသီကျောင်းပိတ်ရက်ဆိုပေမဲ့ မလွယ်သော စာပဲကြည့်နေသော နွေရာသီဖြစ်ပါသည်။ှSAT စာအုပ်တွေက တစ်အုပ်ထဲမသုံးပါ။ ဆရာက Gruber, John Chang 50 SAT Math Tips စတာတွေကိုဝယ်ခိုင်းပြီး ထိုစာအုပ်တွေပါသင်တာကြောင့် မလွယ်ခဲ့ပါ။ Gruber စာအုပ်က သင်္ချာပုဒ်စာတွေကို တွက်နေသည့်ညအချိန်ကို မှတ်မိနေပါသည်။ ပိာုဘက်တိုက်က ကောင်လေးက ဆော့နေပြီး ကျွန်တော်ကတော့ စာထိုင်လုပ်နေပါသည်။ ဆရာက ကျွန်တော့်ဘေးနားမှာထိုင်ပြီး ကျွန်တော်က သင်္ချာတွေတွက်နေပါသည်။ သူက တစ်ပုဒ်ရှင်းပြပြီးရင် နောက်အပုဒ်တွေ ကိုယ့်ပာာကိုယ်တွက်လို့ လုပ်ခိုင်းပါသည်။ တွက်သည့်အခါ ကျွန်တော်တကယ်နားမလည်ကြောင်းသိရပါသည်။ ထိုအခါ ပြန်မေးရပါသည်။ စာသင်ပြီးသည့်အချိန်တွင် ခေါင်းတွေသိပ်ကိုက်နေတတ်ပါသည်။ အရမ်းပင်ပန်းထားတာကြောင့် စာအကြောင်းကိုတောင် စဉ်းစားလို့ မရပါ။ အပန်းဖြေစေသည့်အရာကို စဉ်းစားရပါသည်။ ကျွန်တော် flute ( မြန်မာလိုအခေါ် ပလွေ ) ကိုမှုတ်ပါသည်။ သီချင်းဖွင့်ပြီး သီချင်းလည်းနားထောင်ရင်း flute မှုတ်ပါသည်။ ထိုသို့ မှုတ်ပြီး ဂီတထဲကို နှစ်မျောသွားတာကောင်းပါသည်။ လက်တွေ့ ဘ၀ကို ပြန်တောင်မလာချင်တော့ပါ။ မြန်မြန်ပီးပါတော့ပာုသာ ဆုတောင်းနေမိသည်။ Youtube video တွေကိုကြည့်ရင်း ဘေးနားကှUp Next ဆိုသည့် ပြသည့် ဗီဒီယိုတွေကို နှိပ်ရင်း နှိပ်ရင်း နဲ့ အချိန်ကုန်မှန်းမသိ ကုန်သွားပါသည်။ ထိုအချိန်က ကျွန်တော့်မှာ အပန်းဖြေစရာဆိုလို့ 
Youtube သာရှိပါသည်။ စိတ်ညစ်ရင် မနက်ခင်းကမ်းခြေသွားပါသည်။ မနက်(၇)နာခွဲတွင် ကျွန်တော် ကမ်းခြေရောက်နေပါသည်။ Coney Island ကမ်းခြေတွင် မနက်ခင်းစောစောစီးစီးလမ်းလျှောက်ရတာ အရသာတစ်ခုဖြစ်ပါသည်။ လင်းထိန်နေသည့်အချိန်တွင် စိတ်ကလန်းဆန်းနေပါသည်။ အင်မတန်ကြိုက်ပါသည်။ ကျွန်တော့်စိတ်ထဲတွင် မွန်းကျပ်နေတာတွေကြောင့် စိတ်က မပေါ့နေတတ်ပါ။ ကမ်းခြေရောက်သည့်အခါ စိတ်ကပေါ့ပါးသွားပြီး ပျော်ရွှင်တယ်ဆိုသောခံစားချက်တွေ ရောက်လာပါသည်။
ကျွန်တော်အမေရိကန်ပြည်ထောင်စုကို အသက်(၁၄)နှစ်တွင်ရောက်လာပါသည်။ ဘာ TOFEL မှ မဖြေခဲ့ပါ။ ဒီအတိုင်း လေဆိပ်တစ်ခုနဲ့ တစ်ခုပြောင်းရင်း ရောက်ချလာတာဖြစ်ပါသည်။ ကျွန်တော့်အတွက် ခက်ခဲပါသည်။ အင်္ဂလိပ်စာသည် ခက်ခဲပါသည်။ အင်္ဂလိပ်လိုအသံထွက် ကောင်းအောင် အင်္ဂလိပ်စာတွေကို အသံထွက်ဖတ်ခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုတွင် (၁၁)တန်း ၊ (၁၂)တန်းအထိ အထက်တန်းကျောင်းရှိပါသည်။ ကျောင်းတက်ရတာ မြန်မာနိုင်ငံထက်ပိုကြာပါသည်။ ဘ၀ဆိုတာ ခက်ခဲမှုတွေကြားကနေ ပျော်အောင်နေဖို့ ကြိုးစားခဲ့ရပါသည်။ တစ်ခါတစ်လေကျရင် အရာမှန်သမျှကို မေ့ပြီးဂီတထဲတွင် ခဏလောက်နစ်မျောနေအောင်ကြိုးစားခဲ့ပါသည်။ ဂီတကို အင်မတန်ဝါဿနာပါသူတစ်ယောက်ဖြစ်လို့ flute မှုတ်ခြင်း ၊ စန္ဒရားတီးခြင်းတို့ ကိုလုပ်ပါသည်။ ကျွန်တော့်ဧ။်ဘ၀လို့ ပြောလို့ ရပါသည်။ ကျောင်းစာဆိုတာ လုပ်ရမည်ဆိုတာသိပါသည်။ တစ်ခါတစ်လေ မလုပ်ချင်ပါ။ လုံးဝကိုမလုပ်ချင်တဲ့ အချိန်လည်းရောက်ဖူးပါသည်။ Marching Band ကို ကျွန်တော့် band teacher က လာပါလို့ ပြောတော့ ကျွန်တော် audition ( အရည်အချင်း မှီမမှီပြရခြင်း ) လုပ်ပါသည်။ သူ့ ရှေ့ တွင် ကျွန်တော် My Heart Will Go On အဓိက melody ကိုမှုတ်ပြရပါသည်။ ကျွန်တော့်ဘေးတွင် ထိုင်သော Hong Kong ကလာသော ကောင်မလေးသည်လည်း တိုက်တိုက်ဆိုင်ဆိုင် ဒီသီချင်းကိုပဲရွေး ချယ်ခဲ့ပါသည်။ အထက်တန်းကျောင်းဘ၀တွင် ခင်မင်ရသော အပေါ်ယံသိသောသူများသည် ဂီတအခန်းကသာဖြစ်ပါသည်။ သူတို့ နှင့်ကိုယ်က ၀ါဿနာလည်းတူ ၊ နာရီပေါင်းများစွာလည်း အတူတူလေ့ကျင့်ပြီး ကုန်ကျတာဖြစ်သည့်အတွက် သူတို့ ကို နည်းနည်းကြိုက်ပါသည်။ ကျောင်းက 2:48 ဆိုရင် ခေါင်းလောင်းထိုးပြီး ပြီးသည့်အခါ ကျွန်တော် ပထမထပ်က Band Room ကိုသွားပြီး flute ကိုထုတ်ပြီး စလေ့ကျင့်ပါတော့သည်။ ကျွန်တော် ဂီတကို စိတ်ဖြေရာအနေနှင့် ယူဆပါသည်။
Marching Band ဂီတသည် အင်မတန်ပျော်ဖို့ ကောင်းပါသည်။ ချီတက်ရသည့် သီချင်းဖြစ်သည့်အတွက် ပျော်စရာ ဂီတဖြစ်ပါသည်။ High Notes တွေများပါသည်။ လျှာကို အပေါ်ပင့်ပြီး မှုတ်ရသော note တွေများပါသည်။ Grenade ဆိုသည့် သီချင်းနှင့် Katy Perry’s Firework ကို အတော်မှုတ်ရပါသည်။ Grenade ဆိုသည့် သီချင်းကို အင်မတန်ကြိုက်ပါသည်။ အလွတ်တောင်ရပါသည်။
Flute တူတူမှုတ်တဲ့သူငယ်ချင်းနှင့်တွေ့ ရသည့်အတွက် ၃နာရီမရောက်ခင်ကတည်းက စဉ်းစားနေမိပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ကျောင်းပြီးတာနှင့် တစ်ချို့ က အိမ်မပြန်ကြပါ။ ကျောင်းတွင် အားကစားအသင်း ၊ ကလပ် တွေ ၊ ပြဇတ် ၊ ကျွန်တော်ဆို ဂီတကိုအင်မတန်ဝါဿနာပါလို့ Marching Band တွင် ၀င်ပါပါသည်။
ပျော်ဖို့ ကောင်းပါသည်။ Marching Band သည် တစ်ပတ်နှစ်ခါပဲတွေ့ ပါသည်။ ထိုနှစ်ရက်ပဲရှိသော နေ့ များတွင် ကျွန်တော့်တွင် ဂီတချိန် (၂)ချိန်ရှိပါသည်။ မနက်ခင်းတွင် Intermediate Band, ညနေပိုင်းတွင် Marching Band ဖြစ်ပါသည်။ စာလုပ်ပြီးဦးနှောက် ၊ စိတ်ပင်ပန်းရင်လည်း သီချင်းပဲနားထောင်ပါသည်။ Library ထဲတွင် စာကြည့်နေရင်း ပင်ပန်းသောအခါ စာကြည့်တာကို ခဏရပ်ပြီး၊ ipad က Youtube တွင် ကိုယ်ကြိုက်သည့်သီချင်းများကို နားထောင်ပါသည်။ Beethoven’s Ode to Joy သည် အင်မတန်နားထောင်လို့ ကောင်းပါသည်။ ကျွန်တော်နေ သည့် အိမ်နားတွင် စာကြည့်တိုက်တစ်ခုရှိပါသည်။ ထိုစာကြည့်တိုက်သည် အထက်တန်းကျောင်းကာလ အထူးသဖြင့် (၁၁)တန်း တစ်နှစ်လုံး နှင့် (၁၂)တန်း အစပိုင်းတွင် ကျွန်တော်ပုံမှန်သွားသော နေရာဖြစ်ပါသည်။ ညနေပိုင်း ကျောင်းကပြန်လာရင် ကျွန်တော် အိမ်ကိုပြန် ၊ ထမင်းမြန်မြန်စားပြီး စာကြည့်တိုက်ကို တန်းသွားပါသည်။ စာကြည့်တိုက်တွင် တစ်ခါတစ်လေ ဆူညံနေတတ်ပါသည်။ ဒါပေမဲ့ ကြားရတဲ့အသံက တူနေတာကြောင့် နည်းနည်းတော့ ပြဿနာမရှိပါ။ အသံကြားရင်လည်း အာရုံကိုစူးစိုက်ပြီး လုပ်နိုင်အောင်ကြိုးစားခဲ့ရပါသည်။ များသောအားဖြင့် ကလေးအသံတွေနှင့် ငယ်သောကလေးတွေ စကားပြောသောအသံတွေဖြစ်ပါသည်။ စာအုပ်တွေဝိုင်းရံထားသော နေရာဖြစ်၍ စာလုပ်ချင်စရာပုံစံပေါက်ပါသည်။ ထိုနေရာတွင် ကျွန်တော်ပုံမှန်စာလုပ်ပါသည်။ ကျွန်တော့်တွင် ပုံမှန်ထိုင်သော နေရာရှိပါသည်။ ထိုနေရာတွင်သာ ပုံမှန်ထိုင်ပါသည်။ လူရှိရင်တော့ တစ်ခြားနေရာ ထိုင်ပါသည်။ (၁၁)တန်းတွင် AP World History အခန်းယူသည့်အတွက် သမိုင်းကိုအင်မတန်စိတ်ဝင်စားလာခဲ့ပါသည်။ သမိုင်းအကြောင်းသာဖတ်ချင်ခဲ့ပါသည်။ Trignomentry, Physics တွေကို လုံးဝ လုံးဝစိတ်မ၀င်စားပါ။ ကိုယ်စိတ်ဝင်စားသည့် သမိုင်းကိုသာဖတ်ချင်ခဲ့ပါသည်။ ကျွန်တော်သမိုင်းအကြောင်းကို စဉ်းစားရတာကြိုက်ပါသည်။ Industrial Revolution ( စက်မှုတော်လှန်ရေး ) အစပိုင်းတွင် စက်ရုံတွင် အလုပ်လုပ်ရသော ကလေးတွေအကြောင်းကိုဖတ်ပြီးစဉ်းစားရပါသည်။ ရုရှားအကြောင်းကိုလည်း စဉ်းစားရတာကြိုက်ပါသည်။ Colombus အမေရိကားကို ဘယ်လို လာခဲ့လဲဆိုတာ စိတ်ဝင်စားလွန်းလို့ ဒီအကြောင်းကို စာအုပ်စင်တွင်လိုက်ရှာပြီး ဖတ်ခဲ့ပါသည်။ သမိုင်းဖတ်ရင် အင်မတန်ပျော်ဖို့ ကောင်းပါသည်။ Atlantic အကြောင်းကို ဖတ်ရတာ ပျော်ဖို့ ကောင်းပါသည်။ သမိုင်းသည် အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါသည်။ စိတ်ဝင်စားပြီး စိတ်ဝင်စားနေပါသည်။ ဘ၀ကို ပျော်အောင်နေတတ်ဖို့ ကြိုးစားခဲ့ပါသည်။ ကိုယ့်ကို စိတ်ကျေနပ်စေတာတွေ ၊ ပျော်စေတာတွေလုပ်ခဲ့ပါသည်။ ဘ၀တွင် ကိုယ်ပျော်လား မပျော်ဖူးလားဆိုတာ ကိုယ်အသိဆုံးဖြစ်ပါသည်။ တစ်ခြားသူတွေကို လိမ်လို့ ရပါသည်။ ဒါပေမဲ့ ဘယ်တော့မှ ကိုယ့်ကိုကိုယ်လိမ်လို့ မရပါ။ လိမ်လိုက်ရင် ခံစားချက်ကတန်းသိပါသည်။ ကိုယ့်ကိုကိုယ် ကို ရိုးသားဖို့ လိုအပ်ပါသည်။ အမေရိကားမှာနေတာ ကျွန်တော် ကြိုက်တာတွေအကုန်မပာုတ်ပါ။ ကျွန်တော်မကြိုက်ရင် မကြိုက်ဘူး ၊ အဆင်မပြေဖူးလို့ ကိုယ့်ကိုကိုယ် မှန်ကန်စွာပြောဖို့ လုပ်ဖို့ ကြိုးစားပါသည်။ ဘယ်တော့မှ ပာိုဆရာမ ပြောတာ ၊ ဒီဆရာပြောတာကို ကျွန်တော်မလုပ်ခဲ့ပါ။ ကျွန်တော်မကြိုက်ရင် ကျွန်တော်လုံးဝမလုပ်ပါ။ ကျွန်တော့်ဘ၀ အတွက် ကျွန်တော်သာစဉ်းစားပြီး ရွေးချယ်သည်။ ဘယ်သူမှ ဂရုစိုက်ဖို့ မလိုအပ်ပါ။ ထိုအချိန်က ဆရာတော်ဦးဇော်တိကဧ။် စာအုပ်တွေကို နေ့ တိုင်းနီးပါးဖတ်ဖြစ်ပါသည်။ စိတ်ဓာတ်ခွန်အားတွေလိုအပ်နေပါသည်။ အသက်ရှင်နေလျက် ဘ၀သေနေသူ စာအုပ်သည် ကျွန်တော့်ဧ။် ရွေးချယ်ချက်တစ်ချို့ ကို ထိုအချိန်က လွှမ်းမိုးမှုရှိပါသည်။ တစ်ခုခုပြဿနာ ၊ ကိုယ်တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူးလို့ ထင်ရင် ထိုစာအုပ်ကို ပြန်ပြီးသွားဖတ်ပါသည်။ များသောအဖြင့် ရထားပေါ်တွင် ကျောင်းပြန် ၊ ကျောင်းသွား ဖတ်ဖြစ်တာများပါသည်။ ကျောင်းကပြန်တိုင်း Q train ကနေ West 8 Accquarim ရထားဂိတ်တွင်ဆင်းပြီး F train နားကနေ Coney Island ကိုလှမ်းမြင်ရသည့် နေရာတစ်နေရာရှိပါသည်။ ထိုနေရာကို နေ့ တိုင်းနီးပါးသွားပြီး ပင်လယ်ပြင်ကြီးကိုကြည့်ပါသည်။ ရေတွေက နေရာတိုင်းတွင် ရှိနေတတ်ပြီး ရေတွေကိုကြည့်ပြီး စိတ်ချမ်းသာခြင်း ကိုရပါသည်။ တစ်နေ့ လုံးဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်စဉ်းစားပါသည်။ Reflection လုပ်တာဖြစ်ပါသည်။ F train လာရင် F train ပေါ်တက်ပြီး အိမ်ပြန်ပါသည်။ ကျွန်တော်ဘာကျူရှင်မှ မတက်ခဲ့ပါ။ အမေရိကန်ဆရာတွေသည် ကျူရှင်လုံးဝမပေးပါ။ နားမလည်ရင် သွားမေးရင်ရှင်းပြပါသည်။ ကျွန်တော့်တွင် မြန်မာကျူရှင်ဆရာတစ်ယောက်ရှိခဲ့ပါသည်။ သူက အမေရိကန်က စာတွေကိုကောင်းကောင်းကျွမ်းကျင်ပါသည်။ သူက ကျွန်တော်နားမလည်သော Physicsတွေကို ရှင်းပြပါသည်။ သူ့ ကြောင့် Physics တွင်နည်းနည်းပါးလွယ်ကူခဲ့ပါသည်။ Youtube တွင်လည်း နားမလည်ရင်နှိပ်ကြည့်ပါသည်။ ဒီလိုနဲ့ ပဲ (၁၁)တန်းနှစ်က ပြီးဖို့ နီးလာပါသည်။ ပျော်စရာအချိန်တွေဆိုလို့ ဂီတအချိန် နှင့်ရေကူးအချိန်သာရှိပါသည်။ ကျွန်တော်က ရေကူးတာဝါဿနာပါလို့ ရေကူးအခန်းကိုသာ အားကစားအချိန်အတွက် ယူဖြစ်ပါသည်။ နေ့ တိုင်းလည်း ကိုယ်ပိုင် ဂီတလေ့ကျင့်ချိန်ရှိပါသည်။ နေ့ တိုင်းနီးပါး လေ့ကျင့်ဖြစ်ပါသည်။ (၃၀)မိနစ် ကနေ (၁)နာရီ (၅)မိနစ်လောက်ထိ flute ကို လေ့ကျင့်ဖြစ်ပါသည်။ ဘာလိုလိုနှင့် အချိန်တွေကမြန်လှပါသည်။ ဒီလောက်ထိ မမြန်ပါနဲ့ အုန်း။ အချိန်လေးနည်းနည်းလိုနေလို့ ပါလို့ ပြောလည်းမရပါ။ AP World History ကိုဖြေရပါသည်။ အဆင်ပြေသည်ပာု ပြောလို့ ရပါသည်။ အက်ဆေးတွင်ရေးရတာ မလွယ်ကူဘူးလို့ ပြောလို့ ရပါသည်။ စာမေးပွဲမတိုင်ခင် အချိန်နှင့်အက်ဆေးတွေ ရေးလေ့ကျင့်ခဲ့ပါသည်။ Princeton Review Essay Questions စာအုပ်ဝယ်ပြီး အက်ဆေးမေးခွန်းတွေလည်း လေ့ကျင့်ခဲ့ပါသည်။ စာမေးပွဲပြီးတာနှင့် Coney Island Beach ကို တန်းပြေးပြီးရေတွေကိုကြည့်ကာ ကျောက်တုံးပေါ်တွင်ထိုင်ပါသည်။ ဘ၀ကခုမှ ပေါ့ပါးသွားသည်ပာု ခံစားရပါသည်။ နည်းနည်းတော့ ဘ၀က ပေါ့ပါးသွားပါသည်။ ပိုစိတ်ချမ်းသာသွားပါသည်။ မကြာမီ Trignomentry, Physicsအတွက်ပြင်ရပါသည်။ ပြီးတော့ New York State Regent ဖြေရပါသည်။ ကျောင်းသား ၊ ကျောင်းသူတိုင်းဖြေရတာကြောင့် အရင်ကလည်း U.S History, English, Geometry, Chemistry, Algebra တွေဖြေဖူးတာကြောင့် သိနေပါသည်။ Global History က အင်မတန်လွယ်ပါသည်။ (၁၀၀)ရချင်တယ်လို့ မှန်းထားပေမဲ့ (၉၈)သာ ရခဲ့ပါသည်။ပျော်ဖို့ ကောင်းခဲ့သလို ၊ စိတ်ညစ်စရာတွေလည်းရှိခဲ့တဲ့ နှစ်ဖြစ်ပါသည်။ 
(၁၂)တန်းမတိုင်ခင် နွေရာသီသည် ခက်ခဲပါသည်။ှSAT အတွက် ပြင်ဆင်ခဲ့ပါသည်။ ရူးသွားနိုင်သည်ပာု ပြောလို့ ရပါသည်။ ရှိသမျှစာအုပ်နီးပါးကို ကျွန်တော်ဖတ်ခဲ့ပါသည်။ လေ့ကျင့်ခန်းတွေကိုလည်း လုပ်ခဲ့ပါသည်။ ပြန်တောင်မစဉ်းစားချင်ပါ။ 
(၁၂)တန်း ပထမ semester သည် လူကိုပင်ပန်းစေပါသည်။ AP Calculus AB ကြောင့် ပင်ပန်းရပါသည်။ အိမ်စာတွေကသိပ်များပြီး ကိုယ်ကိုကိုယ်တိုင်ကအတန်းထဲတွင်သင်တာနားမလည်တာကြောင့် အိမ်စာတွေလုပ်ရတာတော်တော်ကြာပါသည်။ မြန်မာကျူရှင်ဆရာကယ်ပေလို့ နားလည်ခဲ့ပါသည်။ SAT လည်းဖြေရပါသည်။ SAT World History Subject Test ကိုလည်း သွားဖြေခဲ့ပါသည်။ ဒီကြားထဲ AP European History လိုချင်တာ မရှိလို့  ကျောင်းဖွင့်ခါစတွင် Social Science Department Chair လက်မှတ်နှင့် AP Economic အခန်းကိုယူခဲ့ပါသည်။ ဒီအခန်းကလည်း အိမ်စာလုပ်ရပါသည်။ AP Calculus ကြောင့် ဘ၀က အိပ်ချိန်တောင် (၈)နာရီမပြည့်ခဲ့ပါ။ အိပ်ရေးမ၀တာကြောင့် မျက်စိထဲတွင် အလင်းအမှုန်လေးတွေ နေရာတိုင်းမြင်ခဲ့ရပါသည်။ လူကလည်းအရူးအတိုင်း ဘာတွေဖြစ်နေမှန်းမသိပါ။ Macaualay Honors at CUNY ကို လျှောက်ပြီးရာတွငှ်SAT အပိုင်းက ပြီးသွားပါသည်။ နောက်တော့ မခံနိုင်တာကြောင့် Math Department Chair နှင့် စကားများပြီး AP Calculus AB ကနေ ရအောင် drop လုပ်ခဲ့ပါသည်။ (၁၂)တန်း ပထမ Semster ဒီလိုနှင့်ပင် ပြီးသွားပါသည်။ ပျော်ဖို့ မကောင်းသော Semester ဖြစ်ပါသည်။ ဒုတိယှSemester အတွက် လုံးဝရပ်လိုက်ပါသည်။ 
ဒုတိယက Semester ကိုစပါသည်။ထိုအချိန်သည် အင်မတန်လွယ်ကူသောအချိန်ဖြစ်ပါသည်။ အထက်တန်းကျောင်းတက်သော ကာလတွင် အင်မတန်လွယ်ကူသော အချိန်ဖြစ်ပါသည်။ တစ်ခြားအခန်းတွေက လွယ်ပြီး ဂရုတောင်မစိုက်ခဲ့ပါ။
SAT လည်း ဖြေပြီးပါပြီ။ (၉)တန်းကနေ (၁၁)တန်းအထိ (၃)နှစ်တာ ပျမ်းမျှရမှတ်ကိုယူပြီး ကောလိပ်လျှောက်ရတာကြောင့် ကျွန်တော်လည်းလျှောက်ပြီးပါပြီ။ ဘာမှစိတ်ပူစရာမလိုတော့ပါ။ အကုန်လုံးပြီးပြီး ပာုခံစားရပါသည်။ အနားယူဖို့ သာကျန်ပါတော့သည်။ အထက်တန်းကျောင်းကို သာ တစ်ဝကြီးခံစားနေမိပါသည်။ Senior ဆိုပြီး Year Book အတွက် ဓာတ်ပုံတွေတူတူရိုက်ကြပါသည်။ ကျွန်တော်နောက်နှစ် ဒီကျောင်းကနေထွက်ခွာရတော့မယ်ဆိုတာ နည်းနည်းသိနေတာကြောင့် လွမ်းနေတဲ့စိတ်တွေက ရနေပါသည်။ ဒီကျောင်းတက်တာ (၃)နှစ်ခွဲလောက်ရှိနေပြီး အမှတ်တရတွေက နေရာတိုင်းနီးပါးမှာရှိနေပါသည်။ ပိာုနောက်အပေါက်လှေကားတွင်အမှတ်တရရှိသည်။ ဒီပောာခန်းတွင် အမှတ်တရရှိတယ်။ ဆရာမတွေအပေါ်လည်း အမှတ်တရရှိပါသည်။ အခန်းနံပါတ် 415 တွင်လည်း အမှတ်တရရှိသည်။ ၄၁၅သည် ကျွန်တော်ကြိုက်သော ၊ စိတ်ဝင်စားသော AP World History သင်သောအခန်းဖြစ်ပါသည်။ ထိုအခန်းကို အင်မတန်လွမ်းသည်။ အင်မတန်လည်းချစ်သည်။ နည်းနည်းခက်ခဲသည့်အခန်းဆိုလို့ AP Economic သာရှိပါသည်။ မေလတွင် AP Macroeconomic ဖြေရမှာဖြစ်ပါသည်။ ကိုယ့်ပာာကိုယ် McGrawHill စာအုပ်တစ်အုပ်ကိုအဓိကထားပြီး ဖတ်ပါသည်။ အကြိမ်ကြိမ်အခါခါ နားလည်တဲ့အထိ ပြန်စဉ်းစားပါသည်။ ကျွန်တော့်ကို ရှင်းပြသည့် ကျူရှင်ဆရာတစ်ယောက်မှမရှိပါ။ သင်ပေးတဲ့ဆရာက ဘာဆိုဘာမှမသိပါ။ ဒီဘာသာရပ်ကို သင်ချင်တဲ့ပုံစံမပေါက်ပါ။ ဂရုလည်းမစိုက်ပါ။ ကျွန်တော်က AP World History ဖြေဖူးသည့်အတွက် ဘာလုပ်ရမယ်ဆိုတာ သိပါသည်။ မေးခွန်းပောာင်းတွေကို ကိုယ့်ပာာကိုယ် အင်တာနက်တွင်ရှာပြီး Print ထုတ်ပါသည်။ အချိန်နှင့် လေ့ကျင့်ပါသည်။ Review Book တွေလည်း ငှားပြီး ကိုယ့်ပာာကိုယ့်လေကျင့်ပါသည်။ ကြာလာတော့ လွယ်လွန်းလာပါသည်။ စာမေးပွဲဖြေတော့ နည်းနည်းလွယ်ပါသည်။ 
ကိုယ့်ရဲ့ ဘ၀ကိုပြန်စဉ်းစားတဲ့အခါ တစ်ခါတစ်လေကျရင် စာလုပ်ချင်တဲ့စိတ်ပါနေရင် လုပ်ရတာလွယ်ပါသည်။ Economic Concepts တွေကို နားလည်သည်အထိ အကြိမ်ကြိမ်အခါခါဖတ်ပါသည်။ လုံးဝ လုံးဝကို နက်နက်နဲနဲနားလည်သည်အထိ သိသည့်တိုင်အောင် ထပ်ခါထပ်ခါစဉ်းစားပါသည်။ စာမေးပွဲအင်မတန်မလွယ်ပါ။ မေးခွန်းတွေက နားလည်တာကိုစမ်းသပ်ပါသည်။ ဒါကြောင့် နက်နက်နဲနဲနားလည်ဖို့ လိုအပ်ပါသည်။ ကျွန်တော့်အကျင့်က ထိုင်ပြီးစဉ်းစားနေရတာကို ကြိုက်ပါသည်။ ဒါကြောင့် ကျွန်တော့်အတွက် နည်းနည်းပါးပါး ဖိအားရှိတာနှင့် စဉ်းစားပြီးသည့်အခါ ခေါင်းကိုက်တာကလွှဲ၍ ကျန်တာကလုပ်ချင်စရာဖြစ်ပါသည်။ စာကြည့်တိုက်ထဲတွင် တစ်ချို့ ကဆူညံနေသော်လည်း ကျွန်တော်က တစ်ခုခုကို နက်နက်နဲနဲစဉ်းစားနေသောအခါ တစ်ခြားအသံတွေက တိုးသွားပါသည်။ အတွေးထဲတွင် ကျွန်တော်နားလည်အောင်ကြိုးစားဖို့ လုပ်နေသော စဉ်းစားသံတွေက ပိုကျယ်လာပါသည်။ အမေရိကန်ပညာရေးစနစ်သည် စဉ်းစားခြင်းကိုဦးစားပေးသည်။ နားလည်ဖို့ လိုအပ်သည်။ နားလည်တာကို ဘယ်လိုအခြေအနေဖြစ်ဖြစ်တွင် အသုံးချတတ်ရပါသည်။ Deep Thinker ( နက်နဲစွာစဉ်းစားတတ်သူ ) တစ်ယောက်ဖြစ်အောင် စနစ်ကိုလုပ်ထားခြင်းဖြစ်ပါသည်။ စာကြည့်တိုက် မြေအောက်ခန်းတွင် စာလုပ်ပြီးသည့်အခါ အထူးသဖြင့် Practice Exam လုပ်ပြီးတဲ့အခါ ခေါင်းတွေကိုက်တတ်တာကြောင့် ကမ်းခြေကိုသာ ပြေးပါတော့သည်။ Coney Island Beach သည် ထိုအချိန်က ကျွန်တော့်ဘ၀တွင် အရေးပါသောနေရာတစ်နေရာဖြစ်ခဲ့ပါသည်။ စာလုပ်ပြီးလို့ အရမ်းပင်ပန်းသည့်အခါ ကမ်းခြေကိုသာ ပြေးပါသည်။ ကမ်းခြေတွင်နေခြင်ပါသည်။ ကမ်းခြေတွင် လမ်းလျှောက်ရတာ အင်မတန်ကြိုက်ပါသည်။ လေအေးအေးတွေ တိုက်နေပြီး ရေတွေကိုမြင်ရ ၊ ဆားငံရေအနံ့ တွေ ရတာကြောင့် အင်မတန်ပျော်ဖို့ ကောင်းပါသည်။
(၁၂)တန်း ဒုတိယ semester တွင် ညနေပိုင်းတွင် Musical တွင်သွားပြီး flute မှုတ်ပါသည်။ အစကတော့ ဘာလဲပာ။ နောက်တော့သွားမယ်လို့ ရွေးချယ်လိုက်ပါသည်။ Musical သည် show တစ်ခုဖြစ်ပါသည်။ မြန်မာလို ပြဇာတ်လို့ ခေါ်နိုင်ပါသည်။ နောက်ခံတေးဂီတကို band ကနေ လုပ်ရချင်းဖြစ်ပါသည်။ ကျွန်တော်သွားမှုတ်တာပျော်ဖို့ ကောင်းပါသည်။ ကျောင်းသားတွေအချင်းအချင်းမှုတ်ကြ။ Let’s get loud ကို ဂီတအခန်းတွင်ပဲ မှုတ် ရတာအင်မတန်ပျော်ဖို့ ကောင်းပါသည်။ ဂီတအခန်းထဲတွင် နေရတာပျော်သည်။ တစ်ကျောင်းလုံးတွင် ဂီတအခန်းကိုအင်မတန်ကြိုက်သည်။ ဒုတိယကြိုက်သောနေရာက ရေကူးကန်ပင်ဖြစ်ပါသည်။ အားလုံး ပထမထပ်တွင်ရှိပါသည်။ 
ှSenior Award Night တွင် မထင်မှတ်ပဲ ဆုရခဲ့ပါသည်။ ဂီတနှင့်ပတ်သတ်သောဆုဖြစ်ပါသည်။ Graduation Day သည်ရောက်လာပါသည်။
အထက်တန်းကျောင်း graduation day ရောက်လာပါသည်။ ထိုရက်မရောက်ခင် ဘွဲ့ ဝတ်စုံတွေကိုသွားယူရပါသည်။ ထူးခြားသော ခံစားချက်တွေကိုရပသည်။ ရှေ့ ဆုံးနားက နေရာတွင်လာလို့ ထို နေ့ တွင် မထင်မှတ်ဘဲ ရှေ့ နားတွင်စောင့်ရပါသည်။ Marching Band က သူငယ်ချင်းတစ်ယောက်နှင့် တွေ့ ပါသည်။ ဓာတ်ပုံတွေ ရိုက်ကြတာ ကျွန်တော်မြင်တွေ့ ရပါသည်။ ကျွန်တော်လည်း ဖုန်းပါတော့ ဖုန်းကိုထုတ်ပြီး ကျွန်တော့်သူငယ်ချင်းနှင့် ဓာတ်ပုံရိုက်ပါသည်။ ကျွန်တော့်ကို အံ့သြစေတာက ကျွန်တော်စင်ပေါ်ကို သွားရခြင်းဖြစ်ပါသည်။ စင်ပေါ်တွင် ထိုင်ရတာခံစားချက်ကောင်းစေပေါသည်။ ဒီနှစ်တွင် Valedictorian နောက်တွင် ကျွန်တော်ထိုင်ရပါသည်။ သူ့ မိန့် ခွန်းပြောမယ်ဆိုတာ ကြိုသိထားပြီး သူ့ မိန့် ခွန်းကို ဖတ်ချင်တယ်လို့ ကျွန်တော်ပြောပြီး သူက ငါရေးပြီးရင် ပေးမယ် ပေးမယ်ဆိုပြီး နောက်တော့ ကျွန်တော်လည်း အလုပ်ရှုပ်တော့ သူ့ ကိုမေ့သွားပါသည်။ သူ့ ကို Physics Honor အခန်းတွင်းကတည်းက ကျွန်တော်သတိထားမိပါသည်။ မေးခွန်းတွေသိပ်မေးတတ်ပြီး တကယ်စာကြိုးစားသော ကောင်မလေးပုံစံပေါက်ပါသည်။ သူ Valedictorian ဖြစ်လာမယ်လို့ မထင်ပါ။ ညာဘက်တွင် Department တွေဧ။် Chair တွေကထိုင်နေပါသည်။ စင်ပေါ်တွင်ထိုင်ရတာ ကြိုက်ပါသည်။ ကျွန်တော့်တွင် Arista Honor Society စလွယ်လေးကိုပတ်ထားရပြီး လူအများစုက ဒါတွေကိုမပတ်ထားကြပါ။ စင်ပေါ်ကလူတစ်ချို့ က ပတ်ထားကြပါသည်။ Jazz Band သည် သီချင်းတွေကို ဖျော်ဖြေနေပါသည်။ ကျွန်တော့်ဧ။် symphonic band ဆရာက band ကို ပြောနေပြီး သူ့ ကို ကျွန်တော်မြင်ရပါသည်။ ကျွန်တော့်ကို James Madison High School Department Medal in Music ဆုကိုပေးပါသည်။ Medal ဆုလေးဖြစ်ပါသည်။ ရတော့ ထူးခြာသောပျော်ရွှင်မှုကိုရပါသည်။ ထပြီး ရှေ့ ကိုသွားပြီး ဆုယူတော့ ထူးခြားသော ခံစားချက်ကို ရပါသည်။ ရပြီးတော့ပြန်ထိုင်လိုက်ပါသည်။ စင်ပေါ်တက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ ကျွန်တော့်အလှည့်ကို စောင့်ရပါသည်။ ကျွန်တော် သွားရမည့်ဆရာမတစ်ယောက်ရှိပါသည်။ ကျောင်းသား ၊ ကျောင်းသူတွေကို အုပ်စုခွဲထားပါသည်။ သူ့ ဦးဆောင်တဲ့နေရာဆီ ခဏသွားပြီး စင်ပေါ်တက်ဖို့ စောင့်ရပါသည်။ ကျွန်တော်နာမည်ကိုခေါ်တော့ စင်ပေါ်တက်ရပြီး Principal နှင့်လက်ဆွဲနှုတ်ဆက်ပြီး Students Government Advisor နှင့်လည်း လက်ဆွဲနှုတ်ဆွဲရပါသည်။ စင်ပေါ်တက်ရသည့်အခါ ခဏလောက်ထူးခြားသော စိတ်လှုပ်ရှားသောခံစားချက်ကိုရပါသည်။ လူတွေအများကြီးရှေ့ မှာ လမ်းလျှောက်ရတာကြောင့်ဖြစ်မည်ပာု နောက်မှနားလည်လိုက်ပါသည်။ စင်ပေါ်က ဆင်းဆင်းခြင်း AP World Historyဆရာ ကနေ Congratulation Kyaw ဆိုပြီးလက်ဆွဲနှုတ်ဆတ်ပါသည်။ Physics Teacher ကလည်း Congratulation Kyaw ဆိုပြီးနှုတ်ဆတ်ပါသည်။ ပြီးတော့ စင်ပေါ်ကို ကျွန်တော်ပြန်တက်ပါသည်။ ခဏလောက် ဆက်စောင့်ရပါသည်။ နောက်တော့ ခုချိန်ကစပြီး ကျောင်းသား ၊ ကျောင်းသူအားလုံး အောင်သွားပြီလို့  Principal ကနေ ပြောသောအခါ အားလုံးက ဦးထုပ်တွေကို လေထဲလွှတ်လိုက်ပြီး အော်ကြပါသည်။ စင်ပေါ်တွင် ဖုန်းမသုံးရလို့ ပြောသည့်ကြားက ကျွန်တော်ထိုအချိန်ကို ရအောင်ဗီဒီယိုရိုက်လိုက်ပါတယ်။ 
Brooklyn College ကိုသွားရမည်။ ထိုကျောင်းက ကျွန်တော့်ကို လက်ခံထားသည်။ Macaualy Honors at the CUNY ( City University of New York ) ကိုလျှောက်တာ City College, Brooklyn College, College of Staten Island က လက်ခံပါသည်။ ထိုကောလိပ်တွေထဲက Brooklyn College ကို ရွေးချယ်ခဲ့ပါသည်။ 
ကျော်ထွန်:
Like
Comments
မင်္ဂလာပါ
Monday, November 13, 2017
Online study အင်တာနက်ပေါ်က ပညာဒါန
Open Course Ware ဆိုတာဘာလဲ။
‘အိုးပင်းကို့စ်ဝဲ’ ဆိုသည်မှာ ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များတွင် သင်ကြားလျက်ရှိသော သင်တန်းများကို အင်တာနက်မှတဆင့် အခမဲ့ ဖြန့်ဖြူးပေးသောနေရာ ဖြစ်သည်။ ဤဆောင်းပါးကို ရေးသားချိန်တွင် နိုင်ငံပေါင်း ၃၀ မှ တက္ကသိုလ် နှင့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်တို့က ကမ္ဘာအရပ်ရပ်ရှိ ပြည်သူတို့အား အဆင့်မြင့် ပညာရပ်များ ဝေမျှပေးနိုင်ရန် ရည်ရွယ်ပြီး ပညာဒါနပြုလျက်ရှိသည်။
ဘယ်တက္ကသိုလ်တွေပါလဲ။
ပညာဒါနပြုရာတွင် ပါဝင်သော စာရှုသူတို့နှင့် ရင်းနှီးပြီးဖြစ်မည့် တက္ကသိုလ် အချို့မှာ -
ဘယ်လိုသင်ကြားပေးတာလဲ။
ပညာဒါနပြုရာတွင် ပါဝင်သော တက္ကသိုလ်များက ၄င်းတို့၏ တက္ကသိုလ်များ၌ အခကြေးငွေယူကာ သင်ကြားနေသော ဘာသာရပ်များထဲမှ အနည်းဆုံး ၁၀ ခုကို ရွေးချယ်ပြီး အင်တာနက်ပေါ်တွင် တင်ပေးထားရသည်။ ထိုသို့တင်ရာတွင် သင်ရိုးညွှန်းတမ်း၊ မှတ်စု၊ ရည်ညွှန်းစာအုပ် နှင့် စာတမ်းများ စာရင်း၊ ပါဝါပွိုင့်ဆလိုဒ်များ၊ ဆရာများ၏ တိုက်ရိုက်ပို့ချချက် အသံ နှင့် ဗီဒီယိုဖိုင်များ စသည်တို့ ပါဝင်သည်။ မည်သူမဆို ထို သင်-ထောက်-ကူ ဖိုင်များကို အခမဲ့ ရယူသုံးစွဲ၍ မိမိဖာသာ လေ့လာရမည်ဖြစ်သည်။
မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်ပါသလား။
လုံးဝမလိုအပ်ပါ။ မည်သူမဆို အသုံးပြုနိုင်ပါသည်။
ဘယ်လိုဘာသာရပ်များ ပါဝင်ပါသလဲ။
စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စက်မှု၊ ကွန်ပြူတာ၊ ကျန်းမာရေး စသဖြင့် အမျိုးအစား စုံလင်စွာပါရှိသည်။ တက္ကသိုလ်များက မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်များကို တင်ထားပေးတတ်သည်။ စာကိုး စာရင်းပါ ၀က်ဆိုဒ် လင့်များမှတဆင့် သွားရောက် လေ့လာ ရှာဖွေနိုင်သည်။
အင်တာနက် လိုအပ်ပါသလား
လိုအပ်ပါသည်။ အသံ နှင့် ဗီဒီယို ဖိုင်များကို တိုက်ရိုက် ဖွင့်ရန်အတွက်မူ အင်တာနက် မြန်နှုန်းမြင့်ရန် လိုအပ်သည်။ သို့ရာတွင် မှတ်စုများ၊ ပါဝါပွိုင့် ဆလိုဒ်များ၊ အသံ နှင့် ဗီဒီယို ဖိုင်များကို ဒေါင်းလုပ် လုပ်ထားပါက အင်တာနက် မရှိသော်လည်း ကွန်ပြူတာတွင် ဖွင့်ပြီး လေ့လာနိုင်သည်။
ဘာကြောင့် အလကားပေးတာလဲ။
မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က စတင်ကာ ‘မည်သူမဆို အဆင့်မြင့်ပညာ သင်ကြားနိုင်ခွင့် ရရှိရေး’ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တခြား တက္ကသိုလ်တွေလည်း ပါဝင်လာပြီး ဒီစီမံချက်ကို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေပါ ပေါ်လာပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ပညာဒါန ပေးနေနိုင်တာပါ။ သင်လည်း အလှူငွေ ထည့်ဝင်ချင်ရင် ထည့်ဝင်လို့ ရပါတယ်။
အလကားပေးတာဆိုတော့ အရည်အသွေး ကောင်းပါ့မလား။
စာရေးသူ၏ ကိုယ်တွေ့အရ ဆိုလျှင် အခကြေးငွေယူ သင်ပေးသော သင်တန်းများတွင် အသုံးပြုသည့် သင်ရိုးညွှန်းတမ်း၊ ဆလိုဒ်၊ မှတ်စုများ အတိုင်း ‘အိုးပင်းကို့စ်ဝဲ’ တွင် တင်ပေးထားကြောင်း တွေ့ရသည်။ အချို့တက္ကသိုလ်များ (ဥပမာ - ကာလီဖိုးနီးယား တက္ကသိုလ် - ဘာကလေ) တွင် အခကြေးငွေယူ သင်ပေးသော သင်တန်း လက်ချာများကို ဗီဒီယို ရိုက်ကာ တင်ပေးထားသဖြင့် အတန်းထဲတွင် သွားကာ တက်နေရသကဲ့သို့ပင် ရှိသည်။
ဒါဆို ဘာလို့ ကျောင်းလခပေး တက်နေတော့မလဲ။
အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ ကျောင်းလခပေး တက်တာနဲ့ ကွာခြားတာလေးတွေတော့ ရှိပါတယ်။ ကျောင်းလခပေး တက်ရင် မရှင်းလင်းသည်များ ရှိပါက ဆရာ၊ ဆရာမတွေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ‘အိုပင်းကို့စ်ဝဲ’ မှာတော့ ဘယ်သူကမှ လာပြီး ရှင်းပြနေမှာ မဟုတ်ပါ။ မိမိဖာသာ နားလည်အောင် ဖတ်ရှုလေ့လာရပါမယ်။ ကိုယ်ထူကိုယ်ထ ဆိုပါတော့။
နောက်တစ်ချက် ကွာခြားတာက ‘အိုပင်းကို့စ်ဝဲ’ မှာ လေ့လာပြီးသွားလို့ ဆိုပြီး အဆိုပါ တက္ကသိုလ်ကို ဘွဲ့၊ အောင်လက်မှတ်ပေးဖို့ သွားတောင်းလို့ မရပါ။ ဥပမာ - မိမိက အမ်အိုင်တီက ဘာသာရပ်တစ်ခုကို ‘အိုပင်းကို့စ်ဝဲ’ မှာလေ့လာပြီးသွားတာနဲ့ မိမိကို အမ်အိုင်တီက အသိအမှတ်ပြုလိုက်ပြီ လို့ သွားပြောလို့ မရပါ။
အသိအမှတ်ပြုလည်း မခံရ၊ ဘွဲ့လည်း မရ၊ အောင်လက်မှတ်လည်း မရဆိုတော့ ဘာလို့ လေ့လာနေမလဲ။
ဒါလည်း ဖြစ်တာပါပဲ။ ဘာမှ မလေ့လာပဲ အေးအေးဆေးဆေး နှပ်နေလည်း ဘယ်သူက ဘာပြောမှာလိုက်လို့။ သို့သော် ... အသိအမှတ်ပြု မခံရပေမယ့် ပညာရပ် ဆိုင်ရာ ဗဟုသုတ တိုးတက်ပါတယ်။ မိမိရဲ့ ပညာဗဟုသုတ တိုးတက်ရေးအတွက် ကြိုးစားလိုစိတ်ရှိသူတွေ၊ နိုင်ငံခြားထွက် ပညာသင်ဖို့ရာ အခက်အခဲ ရှိနေသူတွေ အတွက် အဆင့်မြင့် ပညာရေး အလှမ်းမဝေးကြောင်း လက်တို့လိုက်ရခြင်းသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရှိသူတွေ အနေနဲ့ ‘အိုပင်းကို့စ်ဝဲ’ ကတဆင့် လေ့လာရာမှာ ဘာအခက်အခဲတွေ ရှိနိုင်သလဲ။
အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ အင်တာနက် အသုံးပြုတတ်ဖို့ နဲ့ အင်တာနက်မြန်နှုန်းမြင့်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာက အချိန်မှန် လေ့လာသွားဖို့ပါ။ ကိုယ့်ကို ဘယ်သူကမှ ကြီးကြပ်နေတာ မဟုတ်လို့ ပေါ့ပေါ့လျှော့လျှော့နဲ့ လေ့လာချင်တဲ့ အချိန် လေ့လာ၊ ပစ်ထားချင်တဲ့ အချိန် ပစ်ထားလိုက်ဆိုရင်တော့ သိပ်မထူးပါ။ နောက်ထပ် ရှိနိုင်တဲ့ အခက်အခဲ တစ်ခုက ရည်ညွှန်းစာအုပ်၊ စာတမ်းများ ရရှိနိုင်ရေးပါ။ ဒါကတော့ ဘာသာရပ်ပေါ်မူတည်ပြီး မြန်မာပြည်က စာကြည့်တိုက်တွေမှာ ဖြစ်ဖြစ် အင်တာနက်မှာ ဖြစ်ဖြစ် ရှာဖွေ ရနိုင်ပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ အသိမိတ်ဆွေတွေရှိရင် သူတို့ကတဆင့်လည်း ရှာဖွေနိုင်ပါတယ်။
မူပိုင်ခွင့်ကို ဘယ်လို သတ်မှတ်ထားပါသလဲ။
အင်တာနက်ပေါ် တင်ပေးထားသော ‘အိုးပင်းကို့စ်ဝဲ’ ဆိုင်ရာ ဖိုင်များနှင့် ပတ်သက်သည့် မူပိုင်ခွင့်ကို တက္ကသိုလ် တစ်ခုချင်းစီက ရှင်းလင်းစွာ ဖော်ပြထားသည်။ အနိမ့်ဆုံး အောက်ထစ်အားဖြင့် ထိုဖိုင်များကို အခမဲ့ ပြန်လည် ဖြန့်ဖြူးခွင့်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် မူရင်းဖိုင်ကို မည်သည့်နေရာမှ ရရှိသည်ဟု အတိအကျ ဖော်ပြရန်လိုအပ်သည်။ နဂို မူလဖိုင်များကို ပြင်ဆင်ခွင့်မရှိ။ အချို့ တက္ကသိုလ်များကမူ ပြင်ဆင်ခွင့် ပေးသည်။ သို့သော် မိမိ ပြင်ဆင်ပြီးသော ဖိုင်များကို ဆက်လက်၍ အခမဲ့ ဖြန့်ဖြူးပေးရမည် ဖြစ်သည်။                            (jinghpawkasa kawn)
Tuesday, November 24, 2015
အောင်ခမ်း (ရိုးရာလေး)
Programming
1. An Introduction to Interactive Programming in Python (Part 1), Coursera
2. JavaScript, Codecademy
https://www.codecademy.com/tracks/javascript
Duration: 10 hours / 16 lessons
3. Java Tutorial for Complete Beginners, Udemy
https://www.udemy.com/java-tutorial/
Duration: 17 hours / 75 lessons
4. Intro to Java Programming, Udacity
5. Make a Website, Codecademy
6. Diploma in C Programming, ALISON
7. HTML, CSS, and Javascript, Coursera
8. HTML5 Part 1: HTML5 Coding Essentials and Best Practices, edX
Design
9. Beginner's Guide to Image Editing in Photoshop, Digital Tutors
10. Getting Started With Photoshop CC, Udemy
11. Adobe After Effects, ALISON
12. How to Get Started With Adobe Illustrator CS6 — 10 Things Beginners Want to Know How to Do, Adobe TV
13. Beginner's Guide to Concept Sketching, Digital Tutors
14. Adobe InDesign Made Easy, Udemy
https://www.udemy.com/adobe-indesign-made-easy/
Duration: 12 hours / 105 lessons
Online marketing
15. Online Advertising, OPEN2STUDY
16. Google Analytics, ALISON
https://alison.com/courses/Google-Analytics
Duration: 2 hours / 1 Lesson
17. Social Media 101, Social Media Quickstarter
18. SEO for SEO Beginners, Udemy
https://www.udemy.com/seo-tutorial/
Duration: 1 hour / 15 lessons
19. Diploma in E-Business, ALISON
https://alison.com/courses/Diploma-in-E-Business
Duration: 10 hours / 15 lessons
20. Getting Started With Email Marketing, Skillshare
21. How to Get a Job Using Social Media, The Muse
Communication
22. Intercultural Communication and Conflict Resolution, Coursera
23. Professional Communication Essentials, Udemy
24. Negotiation and Conflict Resolution, OPEN2STUDY
25. Stuttering Treatment: The ABC's of Smoother Speech, Udemy
26. Business Communication — Developing Effective Business Presentation Skills, ALISON
27. Introduction to Negotiation: A Strategic Playbook for Becoming a Principled and Persuasive Negotiator, Coursera
https://www.coursera.org/learn/negotiation
Duration: 11 hours / 9 lessons
Writing
28. Business Communication — Fundamentals of Business
29. How to Write an Essay, edX
30. Introduction to Journalism, Class Central
31. Start Writing Fiction, FutureLearn
32. Journalism Skills for Engaged Citizens, Coursera
33. Create Income Opportunities by Learning Power Writing, Udemy
34. Journalism for Social Change, edX
Entrepreneurship
35. Entrepreneurship 101: Who Is Your Customer?, edX
36. How to Make Money Online: The Passive Income Business Plan, Udemy
37. Growth Strategies for Business, ALISON
38. Scaling Operations: Linking Strategy and Execution, Coursera
39. Entrepreneurship and Family Business, OPEN2STUDY
40. Build. Measure. Learn. Lean Startup SXSW 2012, Udemy
Law
41. Law and the Entrepreneur, Coursera
https://www.coursera.org/course/law
Duration: 42 hours / 6 lessons
42. Forensic Psychology: Witness Investigation, FutureLearn
43. Fundamentals of Business Law, ALISON
44. Copyright Made Easy, Udemy
https://www.udemy.com/copyright-made-easy/
Duration: 2 hours / 8 lessons
45. Cyberwar, Surveillance, and Security, edX
(Unicode version)
အွန်လိုင်းပေါ်မှာ အခမဲ့ တက်နိုင်တဲ့ ဒီပလိုမာနှင့် အခြား အသိမှတ်ပြု သင်တန်းပေါင်း ၄၅ ခု 
Programming, Design, Online Marketing, Communication, Writing, Law အစရှိသဖြင့် ဘာသာရပ် အသီးသီးများကို အွန်လိုင်းပေါ်ကနေ အခမဲ့ လေ့လာခွင့်ရအောင် နိုင်ငံတကာ တက္ကသိုလ်ကြီးများနဲ့ အွန်လိုင်း သင်ကြားလေ့ကျင့်ရေး ပလက်ဖောင်းများက အခမဲ့ ပေးထားပါတယ်။ ယင်းသင်တန်းများထဲမှ မိမိနှစ်သက်ရာကို ရွေးချယ်တတ်မြောက်နိုင်ပြီး ယနေ့ခေတ်အားဖြင့် ကြည့်ရင် အားလုံးကို သိထားတတ်ထားရန်လိုအပ်ပါတယ်။ ဥပမာ C-programming ကို မရေးတတ်ရင်တောင် ဘာလဲဆိုတာ သိဖို့အတွက် Intro class, Java ဆိုတာ ဘာလဲ သိအောင် intro class အစ/ရှိသဖြင့်တို့ ရှိပြီး နက်နက်နဲနဲ လေ့လာချင်သူများအတွက်လည်း ပါဝင်ပါတယ်။ Law နဲ့ Online Marketing တို့မှာဆိုရင် Diploma ပေးတဲ့အထိ ပါဝင်ပါတယ်။ ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူများအတွက် အခမဲ့ လေ့လာလိုက်စားလို့ရနိုင်အောင် Link များဖြင့် မျှဝေပေးလိုက်ရပါတယ်။
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎education_yyl‬
www.yoyarlay.com
Thursday, November 19, 2015
(Zawgyi)
၃. ကိုယ်ခံပညာသင်တာ
၎.ဒီဇိုင်းပိုင်းကို သင်ယူတာ
စုပြည့်စုံ
Ref. Lifehacker
-----------------------------------------------------copy-----------
(Unicode.)
သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှုများ . ၁ + ၂
======
ဘဝမှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာ
အိမ်ပြင်တာ၊ ကားပြင်တာ၊ ရေပိုက်ပြင်တာ၊ ပစ္စည်းအတိုအထွာ ပြင်တာ..ဘာမဆို youtube ပေါ်မှာ ရှာကြည့်နိုင်ပါတယ်။ လက်တော့ပ်ကြိုးလိုမျိုး အသေးစားပြင်ဆင်မှုတွေကို ကိုယ့်ဘာသာလုပ်နိုင်အောင် ဒီဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
http://lifehacker.com/…/top-10-repair-projects-you-should-n…
၂. ကွန်ပျူတာပန်းချီဆွဲတာ၊ photoshop သုံးတာ
ကွန်ပျူတာထဲက အခြေခံ tool တွေကို အရင် သုံးကြည့်ပါ။ ဘာက ဘာအတွက်သုံးတယ်ဆိုတဲ့ လမ်းညွှန်လေးတွေ ပရိုဂရမ်တိုင်းမှာ ထည့်ပြီးသားပါ။ Tool တွေကို ရင်းနှီးပြီဆို ပုံပေါ်လာအောင် ဆွဲတဲ့နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
http://lifehacker.com/…/digital-painting-101-the-complete-g…
ဒီဆိုက်အပြင် www.photoshopstar.com ဟာလည်း လေ့ကျင့်ခန်းတွေကို အခြေခံကစ သင်ပေးတဲ့ ဆိုက်ကောင်းတစ်ခုပါ။
၃. ကိုယ်ခံပညာသင်တာ
လူတိုင်းကို ယုံကြည်လို့မရတဲ့ ခေတ်ကြီးမှာ ကျားမ မရွေး ကိုယ်ခံပညာတတ်ထားသင့်ပါတယ်။ ငြိမ်ခံနေတာထက် တန်ပြန်တိုက်ခိုက်တတ်သူကို မသမာသူတွေ ပိုဖြုံကြတာလည်း အသေအချာပါပဲ။ လေ့လာချင်ရင် http://lifehacker.com/…/digital-painting-101-the-complete-g… မှာ ကြည့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နည်း၊ ရန်သူရဲ့ ဟာကွက်ကို ရှာဖွေတိုက်ခိုက်နည်းတွေ တွေ့ရမှာပါ။
၄.ဒီဇိုင်းပိုင်းကို သင်ယူတာ
ဝက်ဘ်ဒီဇိုင်း၊ အိမ်အတွင်းပိုင်းဒီဇိုင်း စတာတွေကို အွန်လိုင်းကနေ လေ့လာသင်ယူနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကို နားလည်ထားတဲ့လူဟာ သူများထက်တော့ ခြေတစ်လှမ်းသာနေမှာပါပဲ။ ပရော်ဖက်ရှင်နယ်အဆင့် မရောက်ရင်တောင် ကိုယ့်စိတ်ကူးလေးနဲ့ဖန်တီးထားတဲ့ ဒီဇိုင်းက စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။ အိမ်အတွင်းပိုင်းအတွက် http://lifehacker.com/…/how-can-i-turn-my-boring-home-into-… မှာ လေ့လာနိုင်ပြီး ဝက်ဘ်ဒီဇိုင်းအတွက် http://lifehacker.com/…/basics-of-photoshop-designing-a-web… မှာ ကြည့်နိုင်ပါတယ်။
၅. ကောလိပ်တုန်းက မသင်လိုက်ရတဲ့ ဘာသာရပ်တွေကို လေ့လာတာ
သိပ္ပံ၊ စီးပွားရေး၊ သင်္ချာ၊ ဥပဒေ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကောလိပ်တုန်းက မသင်လိုက်ရတာတွေကို ပြန်လေ့လာချင်တယ်ဆိုပါစို့။ အခမဲ့တက္ကသီလာကျောင်းတော်ကြီးဖြစ်တဲ့ အင်တာနက်ကြီး ရှိပါတယ်။ အွန်လိုင်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကိုယ်အားထုတ်ရင် အားထုတ်သလောက် ပညာရနိုင်တဲ့ ဆိုက်တွေ အများကြီးရှိပါတယ်။ အွန်လိုင်း အားသာချက်တွေဖြစ်တဲ့ ပိုက်ဆံမကုန်တာ၊ ကိုယ်ကြိုက်တဲ့အချိန် ကြိုက်သလောက် လေ့လာနိုင်တာတွေကိုတော့ ထည့်ပြောဖို့ မလိုတော့ပါဘူးနော်။ ကျွန်မကိုယ်တိုင် တက်ဖူးပြီး တိုက်တွန်းချင်တဲ့ ဆိုက်တစ်ခုက www.alison.comပါ။http://lifehacker.com/tag/lifehacker-u မှာလည်း ကြည့်နိုင်ပါတယ်။
၆. အီလက်ထရောနစ်ပစ္စည်းတွေကို တည်ဆောက်တာ၊ ဟက်တာ
နည်းပညာက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာပြီး သူ့ကို စိတ်ကြိုက် ပြင်ဆင်လို့ရရင် ပိုပျော်ဖို့ ကောင်းမှာပါ။ အီလက်ထရောနစ်ပစ္စည်းတစ်ခုကို ဟက်ဖို့ဆို ပစ္စည်းတွေအကြောင်း ထဲထဲဝင်ဝင်သိဖို့ လိုပါတယ်။ ကွန်ပျူတာဆင်တာကို စလေ့လာကြရင် မကောင်းဘူးလား။ 
http://lifehacker.com/5828747/how-to-build-a-computer-from-scratch-the-complete-guide?tag=nightschoolမှာ တစ်စစီဖြစ်နေတဲ့ ပစ္စည်းတွေကနေ ကွန်ပျူတာဖြစ်အောင် တပ်ဆင်နည်းကို လေ့လာနိုင်မှာပါ။ တခြားအီလက်ထရောနစ်တကို http://lifehacker.com/5875365/how-to-start-making-your--electronics-with-arduino-and-other-peoples-code ကြည့်ပြီး တပ်ဆင်နိုင်ပါတယ်။ http://lifehacker.com/tag/arduino မှာလည်း ရှိပါတယ်။ 
၇. တူရိယာတီးခတ်တတ်အောင် သင်တာ
တူရိယာ အသစ်တစ်မျိုးကို တီးခတ်ချင်ရင် အွန်လိုင်းမှာ သင်နိုင်တဲ့ နေရာအများကြီးပါပဲ။ ဂစ်တာတီးသင်မလား 
http://www.justinguitar.com မှာ ဂစ်တာသင်ခန်းစာ ၈၀၀ ကျော်ရှ်ိပါတယ်။ http://lifehacker.com/391435/learn-to-play-an-instrument-online မှာလည်း ကြည့်နိုင်ပါတယ်။ စန္ဒယားတီးသင်ဖို့https://m.youtube.com/watch?v=vphWgqbF-AM မှာရှိတယ်။ ဒရမ်တီးဖို့ https://m.youtube.com/watch?v=k_gsp5KwM-k မှာ ကြည့်နိုင်တယ်။ ဒါတင်မက ပလွေမှုတ်တာအတွက်https://m.youtube.com/watch?v=SAvA5E1Ttek ၊ တယောအတွက် 
https://m.youtube.com/watch?v=GbuJ3qnmBmQ ရှိတယ်။ Youtube နဲ့ Videojug မှာလည်း တူရိယာပေါင်းစုံတီးခတ်နည်းတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။
၈. စားဖိုမှူးတစ်ယောက်လို ချက်တာ
ဟင်းချက်နည်းတွေ၊ ချက်ပြတဲ့အစီအစဉ်တွေ ဘယ်လောက်များများ လူတိုင်းက ပရော်ဖက်ရှင်နယ် စားဖ်ိုမှူးဖြစ်မလာကြပါဘူး။ စားဖိုမှူးလုပ်တော့မယ်ဆို သိသင့်သိထိုက်တဲ့ အချက်တွေကိုhttp://lifehacker.com/5852325/top-10-things-every-budding-foodie-should-know ကြည့်နိုင်ပါတယ်။ မြန်မာဟင်း၊ တရုတ်ဟင်း စတဲ့ ဟင်းအမျိုးမျိုးအတွက် www.wutyeefoodhouse၊ ဖေ့့စ်ဘုတ်ပေါ်မှာ 
https://m.facebook.com/KaeKaeFoodPalace?_rdr တို့ဟာ ထင်ရှားပြီး အနောက်တိုင်းဟင်းတွေအတွက်http://lifehacker.com/5838661/10%252B-dishes-and-drinks-everyone-should-know-how-to-make-at-home-including-you မှာ ကြည့်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း မြန်မာဟင်းချက်နည်းတွေ အများအပြားရှာတွေ့နိုင်ပါတယ်။
၉. ဘာသာစကားအသစ်ကို လေ့လာတာ
လူတွေကို ဘာကို လေ့လာချင်သလဲလို့ မေးတဲ့အခါ အင်္ဂင်္လိပ်စကားအပါအဝင် ဘာသာစကားတစ်ခုကို လေ့လာဖို့ လူတော်တော်များများက စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။ တချို့က သင်တန်းသာ တက်တယ်၊ သင်တန်းပြီးတော့ ဘာမှ မကျန်ခဲ့ဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘယ်စကါးကို လေ့လာတာဖြစ်ဖြစ် ဘာသာစကားလေ့လာရာမှာ နည်းစနစ်တော့ ရှိရပါမယ်။ အဲသည်နည်းစနစ်ကို http://lifehacker.com/5903288/i-learned-to-speak-four-languages-in-a-few-years-heres-how မှာ ကြည့်နိုင်ပါတယ်။ ဒါဆို သင်တန်းပဲ တက်တက်၊ အပြင်ကပဲ လေ့လာလေ့လာ ထိရောက်ပါပြီ။ တစ်ခုရှိတာက ဘာသာစကားဆိုတာ ပြောနေမှ ထွက်တာဖြစ်လို့ အမြဲသုံးနေဖို့တော့ လိုပါတယ်။
၁၀. ဝက်ဘ်ဆိုက်ဆွဲတာ၊ အက်ပ်ရေးတာ၊ ပရိုဂရမ်ရေးတာ
ကုတ်ဒ်ရေးတတ်အောင် သင်ယူတာဟာ ဝက်ဘ်ဆိုက်ဆွဲဖို့၊ အက်ပ်ရေးဖို့ရဲ့ အခြေခံဖြစ်ပါတယ်။ Beginner တွေအတွက် learn ___ the hard way ဆိုတဲ့ စကားစုကိုသုံးပြီး ရှာဖွေတာ အကောင်းဆုံးပါပဲ။ ကွက်လပ်မှာ ကိုယ်လေ့လာချင်တဲ့ code ကို ထည့်ပေါ့။ ဥပမာ python ကို လေ့လာချင်ရင် learn python the hard way လို့ရှာနိုင်ပါတယ်။ 
တကယ်လို့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဆိုက်ကိုမှ ကြိုက်ရင်www.codecademy.com မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ Coding ကို ဒီအတိုင်း လေ့လာရင် ပျင်းစရာကောင်းတာမို့ ပရောဂျက်တစ်ခုလုပ်ပြီး လေ့လာဖို့လည်း အကြံပြုပါရစေ။ 
ဒါကတော့ သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု ၁၀ မျိုးပါပဲ။ အွန်လိုင်းဆိုတာ ဂိမ်းဆော့ဖို့၊ ဖေ့စ်ဘုတ်သုံးဖို့၊ ချက်ဖို့ပဲ အသုံးဝင်တာမဟုတ်ကြောင်း တဖြည်းဖြည်း မြင့်တက်လာတဲ့ ကိုယ့်အရည်အသွေးတွေက သက်သေပြပါလိမ့်မယ်။
စုပြည့်စုံ
Ref. Lifehacker
Friday, May 22, 2015
အမေရိကန်နိုင်ငံသားဖြေမယ့်သူတွေအတွက် မေးခွန်း ၁၀၀
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ လိုအပ်နေသူများအတွက်ပါ
USCIS လို့ဆိုတဲ့ အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုဋ္ဌာနရဲ့မေးခွန်းများကို.. အမေရိကန်ရောက်ပြီး နိုင်ငံသားဖြေဖို့ပြင်နေကြတဲ့ မြန်မာပြည်သားတွေအတွက် အကျိုးရှိမှာပါ.. ဘယ်သူမဆို အနော့်ဝက်ဘ်ဆိုက်မှာတက်ကြည့်ပြီး အခမဲ့ဒေါင်းလုဒ်လုပ်ပြီး ကျက်မှတ်လို့ ရတာ မှန်ပေမယ့် (အမေရိကန်မှာနေပြီး) အင်တာနက်လည်း မသုံး အင်္ဂလိပ်စကားလည်း မတတ်သေးသူတွေအတွက် အထောက်အကူဖြစ် မှာတော့သေချာတယ်လေ။ ဖြေတဲ့အခါ ဗမာလို ဖြေမရတာ မှန်ပေမယ့် ဗမာလိုနားလည်ပြီး အင်္ဂလိပ်လို ကြိုးစားကျက်ရင် ပိုလွယ်မယ်ထင်ပါတယ် မသိသေး သူတွေသိဖို့ဖြစ်ပြီး သိပြီးသူတွေက လိုမယ့်သူတွေကိုလက်ဆင့်ကမ်းပေးနိုင်ရင် အတော်ကောင်းမယ် ထင်ပါတယ်။
နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက်ဆိုင်ရာ
မေးခွန်းများ။
နိုင်ငံသားဖြစ်ရေးစာမေးပွဲတွင်ဖြေဆိုရမည့် (နိုင်ငံ့သမိုင်း၊ အစိုးရနှင့်ပတ်သက်သည့်) အရပ်ဘက် ဆိုင်ရာ
မေးခွန်း(၁ဝဝ)နှင့်အဖြေများအား အောက်တွင် စာရင်းသွင်းဖော်ပြထားပါသည်။ နှုတ်ဖြေမေးခွန်းများဖြစ်ပြီး သက်ဆိုင်ရာအရာရှိက နိုင်ငံသားလျှောက်ထားသူအား မေးခွန်း(၁ဝဝ)အနက်မှ (၁ဝ)ခု အထက် မေးပါ လိမ့်မည်။ အဖြေ (၁ဝ)ခုအနက် (၆)ခု မှန်အောင်ဖြေဆိုနိုင်မှ နိုင်ငံသားစာမေးပွဲအောင်မြင်မည်ဖြစ်သည်။
ရွေးကောက်ပွဲနှင့်ရာထူးခန့်အပ်မှုအပြောင်းအလဲများကြောင့် သင် စာမေးပွဲလာဖြေချိန်၌ တချို့အဖြေများ အပြောင်းအလဲ ရှိကောင်းရှိနိုင်ပါမည်။ အဖြေမှန် ပေးနိုင်ရေးအတွက် လေ့လာကျက်မှတ်ရာတွင် နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုများကို
သေချာ မှတ်သား ထားပါ။ မျက်ချေမပြတ်ပါစေနှင့်။ သင့်အား အင်တာဗျူးလုပ်သူက လက်ရှိရာထူးတာဝန်ရှိသူ တဦးဦး၏အမည်ကိုမေးသည့်အခါ မိမိအင်တာဗျူးလုပ်နေချိန်တွင် ရာထူးနှင့်တာဝန်တရားဝင်ရှိနေသူ၏ အမည်ကိုသာဖြေရပါမည်။ မှားဖြေမိလျှင် လက်သင့်ခံလိမ့်မည်မဟုတ်ပါ။
ဤမေးခွန်း(၁ဝဝ)အား ဖြေရာတွင် အပိုဆောင်းအဖြေမှန်များ ရှိကောင်းရှိနိုင်ကြောင်းကို ဤ ဋ္ဌာနမှ သိထားပြီးဖြစ်သော်လည်း အောက်တွင်ပေးထားသည့် အဖြေများကိုသုံး၍ပြန်ဖြေရန် တိုက်တွန်း အပ်ပါသည်။
အမေရိကန်အစိုးရ
A: အမေရိကန်ဒီမိုကရေစီစနစ်၏အခြခံမူများ
နိုင်ငံ၏ အမြင့်ဆုံးဥပဒေမှာ မည်သည်နည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ပါသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက မည်သည့်အလုပ်လုပ်သနည်း။
● အစိုးရဖွဲ့စည်း ခန့်အပ်ပေးသည်။
● အစိုးရ၏လုပ်ငန်းတာဝန်နှင့်အဓိပ္ပာယ်တို့အား အတိအကျသတ်မှတ်ပေးသည်။
● အမေရိကန်ပြည်သူတို့၏ အခြေခံအခွင့်အရေးများအား ကာကွယ်ပေးသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအစတွင် စာလုံး (၃)လုံးဖြင့် ကိုယ်တိုင်အစိုးရဖြစ်ကြောင်းအယူအဆကိုရေးထားသည်။ မည်သည့်စကားလုံးနည်း။
● ပြည်သူများဖြစ်သည့်ကျွန်ုပ်တို့သည်။ (We the People)
ပြင်ဆင်ချက်ဆိုသည်မှာ မည်သည်နည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အပြောင်းအလဲပြုလုပ်ခြင်းဖြစ်သည်။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထပ်မံဖြည့်စွက်ခြင်းဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ၏ (၁ဝ)ကြိမ်မြောက်ပြင်ဆင်ချက်ကို မည်သို့ခေါ်သနည်း။ ()
● ဘီလ် အော်ဖ် ရိုက်စ်(နိုင်ငံသားအခွင့်အရေးပြင်ဆင်ချက်ဥပဒေ)
ပထမဆုံးပြင်ဆင်ချက်တွင်ဆိုထားသည့် လွတ်လပ်ခွင့် သို့မဟုတ် ရပိုင်ခွင့်(၁)ခုမှာ မည်သည်နည်း။
● လွတ်လပ်စွာ ပြောဆိုခွင့်၊
● ဘာသာရေးလွတ်လပ်ခွင့်၊
● လွတ်လပ်စွာစုရုံးခွင့်၊
● သတင်းစာလွတ်လပ်ခွင့်၊
● အစိုးရထံအသနားခံစာ/အယူခံစာတင်ပိုင်ခွင့်၊
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြင်ဆင်ချက်ပေါင်း မည်မျှရှိသနည်း။
● (၂၇) ချက်ရှိပါသည်။
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် () ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
လွတ်လပ်ရေးကြေညာစာတမ်းက ဘာလုပ်ခဲ့သနည်း။
● (ဂရိတ်ဗြိတိန်ထံမှ) လွတ်လပ်ရေးရယူကြောင်း ကြေငြာခဲ့သည်။
● (ဂရိတ်ဗြိတိန်ထံမှ) လွတ်လပ်ရေးရရှိကြောင်း အတိအလင်းထုတ်ဖော်ကြေညာခဲ့သည်။
● (ဂရိတ်ဗြိတန်ထံမှ) အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်သောတိုင်းပြည်ဖြစ်ကြောင်း ဖွင့်ဆိုခဲ့သည်။
လွတ်လပ်ရေးကြေညာစာတမ်းတွင်ပါသည့် ရပိုင်ခွင့်(၂)ခုမှာ မည်သည်တို့နည်း။
● အသက်(ဘဝ)၊
● လွတ်လပ်ခွင့်၊
● ပျော်ရွှင်သုခရရှိစေမှု၊
ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်မှာ မည်သည်နည်း။
● မည်သည့်ဘာသာကိုမဆို ကိုးကွယ်ဆောင်ရွက်ပိုင်ခွင့် သို့မဟုတ် ဘာသာတရားတခုခုကို မကိုးကွယ်မဆောင်ရွက်ပိုင်ခွင့်။
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးစနစ်မှာ မည်သည်နည်း။ ()
● အရင်းရှင်စီးပွားရေးစနစ် ဖြစ်သည်။
● ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာ မည်သည်နည်း။
● လူတိုင်း ဥပဒေကိုလိုက်နာရမည်။
● ခေါင်းဆောင်များက ဥပဒေကိုနာခံရမည်။
● အစိုးရက ဥပဒေကိုနာခံရမည်။
● ဥပဒေအထက်တွင် မည်သူမျှမရှိစေရ။
B: အစိုးရဖွဲ့စည်းထားပုံစနစ်
အစိုးရအဖွဲ့၏အစိတ်အပိုင်း(သို့မဟုတ်) ဋ္ဌာနဆိုင်ရာအမည်(၁)ခုအား ပြောပါ။
● ကွန်ဂရက်စ်၊
● ဥပဒေပြုလွှတ်တော်၊
● နိုင်ငံတော်သမ္မတ၊
● အုပ်ချုပ်ရေးအဖွဲ့(အစိုးရ)
● တရားရုံးများ၊
● တရားရေးဆိုင်ရာ၊
အစိုးရဋ္ဌာနတခုခု အာဏာအလွန်အကျွံသုံးမရစေရန် မည်သို့တားမြစ်ထားသနည်း။
● ဋ္ဌာနတခုနှင့်တခု အပြန်အလှန်ထိန်းညှိထားခြင်း၊
● အာဏာကို တနေရာထဲတွင်စုပုံပေးမထားပဲ ဖြန့်ခွဲထားခြင်း၊
အုပ်ချူပ်ရေးအဖွဲ့(အစိုးရ)တွင်တာဝန်အရှိဆုံးမှာ မည်သူနည်း။
● နိုင်ငံတော်သမ္မတဖြစ်သည်။
ပြည်ထောင်စုဥပဒေများကို မည်သူကပြုသနည်း။
● ကွန်ဂရက်စ်၊
● အထက်လွှတ်တော်(ဆီးနိတ်)နှင့် အောက်လွှတ်တော် (ဟောက်စ်အော့ဖ်ရီပဆင်န်တေးတဗ်စ်)၊
● (ပြည်ထောင်စု (သို့) အမျိုးသား) ဥပဒေပြုလွှတ်တော်၊
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် () ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
အမေရိကန်ကွန်ဂရက်စ်၏အစိတ်အပိုင်း (၂)ခုမှာ မည်သည်တို့နည်း။ ()
● အထက်လွှတ်ဆော်(ဆီးနိတ်)နှင့် အောက်လွှတ်တော်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)
အမေရိကန်တွင် ဆီနိတ်တာ(အထက်လွှတ်တော်အမတ်) မည်မျှရှိသနည်း။
● (၁ဝဝ) ရှိပါသည်။
ဆီနိတ်တာများအား ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၆)နှစ်အတွက်ရွေးကောက်သည်။
လက်ရှိ သင်နေသည့်ပြည်နယ်၏ ဆီနိတ်တာများအနက် တစ်ဦးအမည်ကိုပြောပြပါ။ ()
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia (D.C.) တွင်နေသူများနှင့် အမေရိကန်ပိုင်နယ်နမိတ်များအတွင်း နေထိုင်သူများ)
ဒီစီတွင် ဆီနိတ်တာမရှိသလို ဆီနိတ်တာမရှိသည့် အမေရိကန်ပိုင်နယ်နမိတ်များရှိသည်)
အောက်လွှတ်တော်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)တွင် မဲပေးခွင့်ရှိသူ မည်မျှရှိသနည်း။
● လေးရာသုံးဆယ့်ငါးဦး(၄၃၅)ရှိသည်။
အောက်လွှတ်တော်အမတ်(ဟောက်စ်အော့ဖ်ရီပရီဆန်င်တေးတဗ်စ်)ကို ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၂) နှစ်အတွက်ရွေးကောက်သည်။
လက်ရှိ သင်နေသည့်ပြည်နယ် အောက်လွှတ်တော်အမတ်(ရီပရီဆန်င်တေးတဗ်စ်)၏အမည်ပြောပြပါ။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (လွှတ်တော်တွင်မဲပေးပိုင်ခွင့်မရှိသည့် ကိုယ်စားလှယ်များ (သို့မဟုတ်) ဒေသကော်မရှင်နာများသာရှိသည့် နယ်နမိတ်များတွင်နေထိုင်သူများမှာ ထိုသူတို့၏အမည်ကိုပြောပြရန်သာ လိုလိမ့်မည်။ နေထိုင်ရာနယ်နမိတ်ရှိကိုယ်စားလှယ်သည် လွှတ်တော်တွင် မဲပေးပိုင်ခွင့်မရှိကြောင်းဖော်ပြသည့် အထောက်အထား(စာ)ပါလျှင်လည်း လက်ခံပါမည်)
ဆီနိတ်တာ(အထက်လွှတ်တော်အမတ်)သည် မည်သူ့ကို ကိုယ်စားပြုသနည်း။
● အဆိုပါပြည်နယ်တွင်နေထိုင်သူအားလုံးကို ကိုယ်စားပြုသည်။
အချို့ပြည်နယ်များ အဘယ့်ကြောင့် အခြားပြည်နယ်များထက် အောက်လွှတ်တော်အမတ်(ရီပရီဆန်င်တေးတဗ်စ်) ပိုများနေကြသနည်း။
● ပြည်နယ်တွင်းနေထိုင်သူ လူဦးရေကြောင့်၊
● လူဦးရေ ပိုများနေခြင်းကြောင့်၊
● အခြားပြည်နယ်များထက် လူဦးရေပိုများနေခြင်းကြောင့်၊
နိုင်ငံတော်သမ္မတကို ဘယ်နှနှစ်အတွက် ရွေးကောက်ကြသနည်း။
● (၄) နှစ်အတွက်ရွေးကောက်သည်။
နိုင်ငံတော်သမ္မတကို မည်သည့်လတွင် မဲပေးရွေးကောက်ကြသနည်း။ ()
● နိုဝင်ဘာလတွင် ရွေးကောက်သည်။
လက်ရှိ အမေရိကန်ပြည်ထောင်စုသမ္မတအမည်။ ()
● ဘရက်ခ်အိုဘားမား (Barack Obama)
● အိုဘားမား (Obama)
လက်ရှိ အမေရိကန်ပြည်ထောင်စု၏ ဒုသမ္မတအမည်။
● ဂျိုးဇက် အာရ် ဘိုင်ဒန် ဂျူနီယာ (Joseph R. Biden, Jr.)
● ဂျိုး ဘိုင်ဒန် (Joe Biden)
● ဘိုင်ဒန် (Biden)
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် () ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
သမ္မတအနေနှင့် ရာထူးတွင်ဆက်လက်မထမ်းဆောင်နိုင်လျှင် မည်သူ သမ္မတဖြစ်လာမည်နည်း။
● ဒု သမ္မတသည် သမ္မတဖြစ်လာမည်။
သမ္မတရော ဒု သမ္မတပါ တာဝန်မထမ်းဆောင်နိုင်တော့လျှင် မည်သူ သမ္မတဖြစ်လာမည်နည်း။
● အောက်လွှတ်တော်ဥက္ကဋ္ဌ (The Speaker of the House)
တပ်မတော်တွင် မည်သူက ကာကွယ်ရေးဦးစီးချုပ်ဖြစ်သနည်း။
● နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါသည်။
မည်သူလက်မှတ်ထိုးမှ ဥပဒေတခုအတည်ဖြစ်သနည်း။
● နိုင်ငံတော်သမ္မတ လက်မှတ်ထိုးမှဖြစ်ပါသည်။
ဥပဒေကြမ်းကို ဗီတိုအာဏာမည်သူသုံး၍ပယ်ခလျနိုင်သနည်း။
● နိုင်ငံတော်သမ္မတတွင် ဗီတိုအာဏာသုံးခွင့်ရှိပါသည်။
ကက်ဘိနက်အဖွဲ့က ဘာလုပ်သနည်း။
● သမ္မတအား အကြံပေးရပါသည်။
ကက်ဘိနက်နှင့်အဆင့်တူ ရာထူး (၂)မှာ မည်သည်တို့နည်း။
● စိုက်ပျိုးရေးဝန်ကြီး
● ကုန်သွယ်ရေးဝန်ကြီး
● ကာကွယ်ရေးဝန်ကြီး
● ပညာရေးဝန်ကြီး
● စွမ်းအင်ဝန်ကြီး
● ကျန်းမာရေးနှင့်လူသားရေးရာဝန်ဆောင်မှုဝန်ကြီး
● အမိမြေလုံခြုံရေးဝန်ကြီး
● မြို့ပြဖွံ့ဖြိုးရေးနှင့်အိုးအိမ်ဝန်ကြီး
● ပြည်ထဲရေးဝန်ကြီး
● အလုပ်သမားဝန်ကြီး
● နိုင်ငံခြားရေးဝန်ကြီး
● သယ်ယူပို့ဆောင်ရေးဝန်ကြီး
● ဘဏ္ဍာရေးဝန်ကြီး
● စစ်ပြန်စစ်မှုထမ်းဟောင်းရေးရာဝန်ကြီး
● နိုင်ငံတော်ရှေ့နေချုပ်
● ဒု သမ္မတ
တရားရေးဋ္ဌာနက ဘာလုပ်သနည်း။
● ဥပဒေများအားပြန်လည်သုံးသပ်ခြင်း၊
● ဥပဒေများအား ရှင်းလင်းဖွင့်ဆိုပြခြင်း၊
● (အငြင်းပွားမှု) အမှုအခင်းများအား ဖြေရှင်းပေးခြင်း၊
● ဥပဒေတရပ်ရပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ/မရှိအား အဆုံးအဖြတ်ပေးခြင်းတို့ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏အမြင့်ဆုံးရုံးတော်မှာ မည်သည်နည်း။
● ဗဟိုတရားရုံးဖြစ်သည်။
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် () ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
ထို ဗဟိုတရားရုံးတွင် တရားသူကြီးမည်မျှရှိသနည်း။
● (၉) ဦးရှိပါသည်။
လက်ရှိ အမေရိကန်ပြည်ထောင်စုဗဟိုတရားရုံး၏ တရားသူကြီးချုပ်မှာ မည်သူနည်း။
● ဂျွန် ရောဘတ် (John G. Roberts, Jr.)
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စု(ဗဟို)အစိုးရပိုင်သောအာဏာအချို့ ရှိပါသည်။ မည်သည့် (၁)ခုဖြစ်သနည်း။
● ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခွင့်၊
● စစ်ကြေညာပိုင်ခွင့်၊
● တပ်မတော်ဖွဲ့စည်းထူထောင်ခွင့်၊
● စာချုပ်စာတမ်းများချုပ်ဆိုပိုင်ခွင့်၊
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်နယ်များပိုင်သောအာဏာအချို့ ရှိပါသည်။ မည်သည့် (၁)ခုဖြစ်သနည်း။
● ပညာရေးကိစ္စနှင့်ကျောင်းများဖြည့်ဆည်းပေးပိုင်ခွင့်၊
● ကာကွယ်မှုပေးခြင်း(ရဲတပ်ဖွဲ့)၊
● လုံခြံမှုပေးခြင်း(မီးသတ်တပ်ဖွဲ့)၊
● ယဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊
● ဇုန်နယ်မြေခွဲသတ်မှတ်ခြင်းနှင့်မြေယာသုံးစွဲခွင့်ပြုခြင်း၊
လက်ရှိ သင်နေသည့်ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) မှာ မည်သူနည်း။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia D.C. တွင်နေသူများက ဒီစီတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Governor မရှိကြောင်း ဖြေရပါမည်)
သင်နေထိုင်ရာပြည်နယ်၏ ပြည်နယ်မြို့တော်အမည် ပြောပါ။
● အဖြေအမျိုးမျိုးကွဲပြားနိုင်ပါမည်။ (District of Columbia D.C. တွင်နေသူများက ဒီစီသည် ပြည်နယ်မဟုတ်ကြောင်းနှင့် ပြည်နယ်မြို့တော်မရှိ ကြောင်းဖြေရပါမည်။ အမေရိကန်ပိုင်နယ်နမိတ်များတွင်နေထိုင်သူများက နယ်နမိတ်၏မြို့တော်အမည်ကို ဖြေရပါမည်)
အမရိကန်ပြည်ထောင်စုရှိ အဓိကနိုင်ငံရေးပါတီကြီး(၂)မှာ မည်သည်တို့နည်း။
● ဒီမိုကရက်တစ်ပါတီ(Democratic) နှင့် ရီပတ်ဘလီကင်န်ပါတီ(Republican)
လက်ရှိသမ္မတသည် မည်သည့်ပါတီမှဖြစ်သနည်း။
● ဒီမိုကရက်တစ်ပါတီ (Democratic Party)မှဖြစ်သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ (Speaker of House of Representatives) ၏အမည် ပြောပြပါ။
● ဂျွန် ဘိုဟ်နာ (John Boehner)
C: ရပိုင်ခွင့်နှင့်တာဝန်များ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အမှတ်(၄)တွင် မဲပေးခွင့်ရှိသူများနှင့်ပတ်သက်၍ ပြင်ဆင်ချက် (၄)ခုပါရှိသည်။ (၁)ခုကိုဖော်ပြပါ။
● အသက်(၁၈)နှစ် နှင့်အထက် နိုင်ငံသားဖြစ်သူများ၊
● မဲပေးရန်အတွက်(မဲပေးစစ်တမ်းကောက်) ပိုက်ဆံမပေးရ၊
● နိုင်ငံသားတိုင်း(အမျိုးသမီး အမျိုးသားမဟူ) မဲပေးခွင့်ရှိသည်၊
● မည်သည့်လူမျိုးဖြစ်စေ နိုင်ငံသားအမျိုးသားဖြစ်က မဲပေးခွင့်ရှိသည်၊
အမေရိကန်နိုင်ငံသားများအတွက်သာလျှင်ရှိသည့် တာဝန်ဝတ္တရား(၁)ခု။ ()
● (တရားရုံးတွင်) ဂျူရီလူကြီးတာဝန်၊
● ပြည်ထောင်စုရွေးကောက်ပွဲတွင်မဲပေးရန်တာဝန်၊
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် () ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
အမေရိကန်နိုင်ငံသားအတွက်သာလျှင်ပေးသည့် ရပိုင်ခွင့်။
● ပြည်ထောင်စုရွေးကောက်ပွဲတွင် မဲပေးခွင့်၊
● ပြည်ထောင်စုရုံးဋ္ဌာနများတွင် အလုပ်လုပ်ခွင့်။
အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သူတိုင်း၏ ရပိုင်ခွင့် (၂)ခု။
● လွတ်လပ်စွာထုတ်ဖော်ရေးသားပိုင်ခွင့်၊
● လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊
● လွတ်လပ်စွာစုရုံးပိုင်ခွင့်၊
● အစိုးရထံ လွတ်လပ်စွာအယူခံ အသနားခံစာတင်ပိုင်ခွင့်၊
● လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်၊
● လက်နက်ကိုင်ဆောင်ပိုင်ခွင့်၊
တိုင်းပြည်အပေါ်သစ္စာစောင့်သိပါမည်ဟုဆိုသည့်အခါ မည်သည့်အပေါ်သစ္စာခံသည်ကို ပြသခြင်းဖြစ်သနည်း။
● အမေရိကန်ပြည်ထောင်စုကို၊
● အလံတော်ကို၊
အမေရိကန်နိုင်ငံသားဖြစ်လာသည့်အခါ သင် စောင့်ထိန်းပါမည်ဟုပြုသော ကတိကဝတ်(၁)ခုကိုပြောပါ။
● အခြားနိုင်ငံများအပေါ်သစ္စာစောင့်သိခြင်းအား စွန့်လွှတ်ပါမည်။
● အမေရိကန်ပြည်ထောင်စုဥပဒေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ကာကွယ်ပါမည်။
● အမေရိကန်ပြည်ထောင်စုဥပဒေများအား လိုက်နာပါမည်။
● (လိုအပ်ပါက) အမေရိကန်တပ်မတော်တွင် အမှုထမ်းပါမည်။
● (လိုအပ်ပါက) တိုင်းပြည်အတွက်(အလွန်အရေးကြီးသည့်အလုပ်အား) အလုပ်အကျွေးပြုပါမည်။
● အမေရိကန်ပြည်ထောင်စုအား သစ္စာစောင့်သိပါမည်။
မည်သည့်အသက်အရွယ်ရှိသောနိုင်ငံသားသည် သမ္မတရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသနည်း။
● အသက် (၁၈)နှစ် နှင့် အထက်၊
အမေရိကန်များ မိမိတို့ဒီမိုကရေစီစနစ်တွင် ပါဝင်ဆောင်ရွက်နိုင်သည့်နည်းလမ်း(၂)ခုမှာ မည်သည်တို့နည်း။
● မဲပေးခြင်း၊
● နိုင်ငံရေးပါတီဝင်ခြင်း၊
● မဲဆွယ်ပွဲတွင် ကူညီခြင်း၊
● အရပ်ဘက်အဖွဲ့အစည်းများ အစုအဝေးများတွင်ပါဝင်ခြင်း၊
● လူမှုအဝန်းအဝိုင်းများတွင် ပါဝင်ခြင်း၊
● ကိစ္စတခုခုတွင် သင့်ကိုယ်ပိုင်အမြင်အား ရွေးကောက်ခံအရာရှိအား တင်ပြခြင်း၊
● ဆီနိတ်တာ(အထက်လွှတ်တော်အမတ်)နှင့် ရီပရီဆန်င်တေးတဗ်စ်(အောက်လွှတ်တော်အမတ်)အား တွေ့ရန်တောင်းဆိုခြင်း၊
● ကိစ္စတခုခု(သို့)မူဝါဒတခုခုတွင် လူသိရှင်ကြားထောက်ခံခြင်း ဆန့်ကျင်နိုင်ခြင်း၊
● ရာထူးရာခံ(ရုံး)တခုခုကို ဦးဆောင်နိုင်ခြင်း၊
● သတင်းစာ၌ ရေးသားဖော်ပြနိုင်ခြင်း၊
ဗဟိုအစိုးရဝင်ငွေခွန်ဆောင်လျှောက်လွှာပုံစံကို မည်သည့်ရက်နောက်ဆုံးထား၍ သင် ပို့နိုင်သနည်း။ ()
● ဧပြီလ (၁၅)ရက်နေ့။
စစ်ထဲဝင်ချင်လျှင် စာရင်းသွင်းချိန်တွင်ရှိရမည့်အသက်။
● အသက်(၁၈)နှစ်။
● အသက် (၁၈)နှစ် နှင့် (၂၆)နှစ်အကြား။
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် () ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
အမေရိကန်သမိုင်း
A: ကိုလိုနီကာလနှင့်လွတ်လပ်ရေး
ကိုလိုနီနယ်ချဲ့များ အမေရိကားသို့ရောက်လာခြင်းမှာ မည်သည့်အကြောင်းအချက်ကြောင့်နည်း။ (၁)ခုပြောပါ။
● လွတ်လပ်ခွင့်ရှိခြင်းကြောင့်
● နိုင်ငံရေးလွတ်လပ်မှုရှိသောကြောင့်၊
● ဘာသာရေး လွတ်လပ်ခြင်းကြောင့်၊
● ကြီးပွားရေးအခွင့်အလမ်းရှိခြင်းကြောင့်၊
● ယင်းတို့၏ဘာသာတရားကို ကျင့်ကြံဆောင်ရွက်နိုင်မှုကြောင့်၊
● နှိပ်စက်ညှဉ်းဆဲခြင်းဘေးမှလွတ်ရန်၊
ဥရောပသားများရောက်မလာခင်က အမေရိကားတွင်မည်သူများနေကြသနည်း။
● အမေရိကန်အင်ဒီးယန်းများ၊
● ဇာတိဖွားအမေရိကန်များ၊
အမေရိကန်သို့ခေါ်ဆောင်ခြင်းခံရပြီး ကျွန်အဖြစ်အရောင်းစားခံရသည်မှာ မည်သူတွေနည်း။
● အာဖရိကန်များ၊
● အာဖရိကတိုက်မှပြည်သူများ၊
ကိုလိုနီသမားများက အဘယ့်ကြောင့် ဗြိတိသျှတို့အားတိုက်ထုတ်ကြသနည်း။
● အခွန်အကောက်မြင့်မားသောကြောင့်(အခွန်သာကောက်ယူနေသော်လည်းမည်သည့်ကိုယ်စားပြုမှုမှမရခြင်း)
၊
● ဗြိတိသျှတပ်များ ယင်းတို့အိမ်များတွင် တက်နေခြင်းကြောင့်(တပ်စွဲခြင်း၊ စတည်းချခြင်း)၊
● သူတို့၌ ကိုယ်ပိုင်အစိုးရမရှိခြင်းကြောင့်၊
လွတ်လပ်ရေးကြေညာစာတမ်းကို မည်သူရေးသားခဲ့သနည်း။
● (သောမတ်စ်) ဂျက်ဖါဆင် (Thomas) Jefferson
လွတ်လပ်ရေးကြေညာစာတမ်းကိုမည်သည့်နေ့တွင် အတည်ပြုခဲ့သနည်း။
● ဇူလိုင်လ (၄)ရက်၊ (၁၇၇၆) ခုနှစ်၊
ပြည်ထောင်စုထူထောင်စ မူလ (၁၃)ပြည်နယ်ရှိသည်။ (၃)ပြည်နယ်အမည် ပြောပါ။
● နူးဟမ့်ပ်ရှိုင်းယား၊
● မက်ဆာချူးဆက်၊
● ရိုးဒ်အိုင်လင်င်န်းဒ်၊
● ကွန်နက်တီကပ်၊
● နူးယော့ခ်၊
● နူးဂျာစီ၊
● ပင်န်ဆယ်လ်ဗေးနီးယား၊
● ဒဲလ်ဝဲယား၊
● မေရီလန်းဒ်၊
● ဗာဂျီနီးယား၊
● နော့သ်ကယ်ရိုလိုင်းနား၊
● ဆော့က်သ်ကယ်ရိုလိုင်းနား၊
● ဂျော်ဂျီယာ၊
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် () ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ၌ ဘာဖြစ်ခဲ့သနည်း။
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ရေးဆွဲခဲ့ကြသည်။
● နိုင်ငံထူထောင်သူဖခင်ကြီးများက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ရေးဆွဲခဲ့ကြသည်။
မည်သည့်အချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြသနည်း။
● (၁၇၈၇) ခုနှစ်တွင်ဖြစ်သည်၊
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းကြောင်းအား ပြည်ထောင်စုဝါဒီသတင်းစာများက
ထောက်ခံရေးသားခဲ့ကြသည်။ ရေးသူအမည်ပြောပါ။
● (ဂျိမ်းစ်) မယ်ဒီဆင် (James) Madison
● အလက်ဇင်န်းဒါးဟယ်လ်မင်တန် (Alexander) Hamilton
● (ဂျွန်) ဂျေး (John) Jay
● ပျူးဘလီးယပ်စ်
ဘင်ဂျမင်ဖရန်ကလင် ကျော်ကြားလာခြင်းအကြောင်း (၁)ချက်မှာ မည်သည်နည်း။
● အမေရိကန်သံတမန်၊
● ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာညီလာခံတွင်ပါဝင်ခဲ့သည့် အသက်အရွယ်အကြီးဆုံးပုဂ္ဂိုလ်၊
● အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော စာတိုက်ဋ္ဌာနမင်းကြီး၊
● သနားစရာဆင်းရဲသားလေးရစ်ချာ့ဒ်၏မြေပုံ”စာအုပ်ရေးသူ၊
● အခမဲ့စာကြည့်တိုက်လုပ်ငန်းကို အစပထမပြုခဲ့သူ၊
ကျွန်ုပ်တို့တိုင်းပြည်၏ ဖခင်မှာမည်သူဖြစ်သနည်း။
● (ဂျော့ခ်ျ) ဝေါ်ရှင်တန် (George) Washington
ပထမဆုံး သမ္မတကြီး မည်သူဖြစ်သနည်း။
● (ဂျော့ခ်ျ) ဝေါ်ရှင်တန် (George) Washington
B: (၁၈ဝဝ) ခုနှစ်များ
(၁၈ဝ၃)ခုနှစ်တွင် ပြင်သစ်ထံမှ အမေရိကန်ကဝယ်ယူလိုက်သည့် နယ်မြေ။
● လူဝီဇီးယားနား နယ်နမိတ်။
● လူဝီဇီးယားနား၊
(၁၈၈၀)ခုနှစ်များတွင် အမေရိကန်ကတိုက်ခဲ့သည့်တိုက်ပွဲများအနက် (၁)ခု၏အမည်ပြောပါ။
● (၁၈၁၂) စစ်ပွဲ (War of 1812)
● အမေရိကန် မက္ကဆီကန်စစ်ပွဲ၊
● အမေရိကန်ပြည်တွင်းစစ်၊
● စပန်းနစ်ရှ်အမေရိကန်စစ်ပွဲ၊
တောင်ပိုင်းနှင့် မြောက်ပိုင်းအကြားဖြစ်ခဲ့သည့် အမေရိကန်စစ်ပွဲအမည်ပြောပါ။
● ပြည်တွင်းစစ်ကြီး (The Civil War)
● ပြည်နယ်များအကြားကစစ်ပွဲ (The War between the States)
ပြည်တွင်းစစ်ကြီးဖြစ်လာစေသည့် ပြဿနာ(၁)ခု၏အမည် ပြောပါ။
● ကျေးပိုင်ကျွန်ပိုင်စနစ်၊
● စီးပွားရေးအကြောင်းအချက်များ၊
● ပြည်နယ်များ၏အခွင့်အရေးများ၊
သင်သည် အသက်((၆၅)နှစ် သို့မဟုတ် ထို့ထက်ကြီးလျှင်ဖြစ်စေ၊ အမေရိကန်တွင်တရားဝင်နေထိုင်ခွင့်ရထားသည်မှာ နှစ်(၂ဝ)ကျော်ရှိသူဖြစ်လျှင် () ဤ အမှတ်ပြထားသည့် မေးခွန်းများကိုသာလျှင် လေ့လာကျက်မှတ်ရန်လိုကောင်းလိုပါလိမ့်မည်။
သမ္မတအေဗရာဟင်မ်လင်ကွန်းလုပ်ခဲ့သည်များအနက် အရေးကြီးကိစ္စ(၁)ခု၏အမည်ကိုပြောပါ။
● ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊ (ကျွန်အဖြစ်မှလွှတ်လိုက်ကြောင်းကြေညာထုတ်ပြန်ခြင်း)
● ပြည်ထောင်စု (Union) ကို ကယ်တင်ခြင်း (သို့မဟုတ်) ကာကွယ်ထိန်းသိမ်းခြင်း၊
● ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်ပြည်ထောင်စုကို ဦးဆောင်ခဲ့ခြင်း၊
ကျွန်အဖြစ်မှလွှတ်လိုက်ကြောင်းကြေညာချက်က မည်သည့်အရာကိုပြုလုပ်ခဲ့သနည်း။
● ကျေးကျွန်များအားလွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● ပြည်ထောင်စုကြီးတခုလုံးတွင် ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● ပြည်ထောင်စုကြီးတွင်ပါဝင်သည့်ပြည်နယ်များရှိကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
● တောင်ပိုင်းပြည်နယ်အများစုတွင် ကျေးကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း၊
စူဇန် ဘီ အန်သော်နီ (Susan B. Anthony) ဘာလုပ်ခဲ့သနည်း။
● အမျိုးသမီးများအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်၊
● နိုင်ငံသားရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်ခဲ့သည်၊
C: များမကြာမီကအမေရိကန်သမိုင်းနှင့် အခြားအရေးကြီးသည့် သမိုင်းဝင်အကြောင်းချက်များ
(၁၉၉ဝ) ပြည့်နှစ်များက အမေရိကန်ပြည်ထောင်စုကတိုက်ခဲ့သည့် စစ်ပွဲ(၁)ခု၏အမည်ကိုပြောပါ။ (*)
● ပထမကမ္ဘာစစ်ကြီး (World War I)
● ဒုတိယကမ္ဘာစစ်ကြီး (World War II)
● ကိုရီးယားစစ်ပွဲ (Korean War)
● ဗီယက်နမ်စစ်ပွဲ (Vietnum War)
● (ပါရှန်း) ပင်ယ်ကွေ့စစ်ပွဲ (Persion) Gulf War
ပထမကမ္ဘာစစ်ဖြစ်ချိန်က အမေရိကန်သမ္မတမှာ အောက်တွင်ဖော်ပြထားသူဖြစ်ပါသလား။
● (ဝုဒ်ရိုးလ်) ဝယ်လ်ဆင် (Woodrow) Wilson
မဟာစီးပွားပျက်ကပ်ကြုံချိန်နှင့် ဒုတိယကမ္ဘာစစ်တွင် သမ္မတဖြစ်နေသူမှာ မည်သူနည်း။
● (ဖရန်ကလင်) ရုစ်ဗဲ့လ် (Franklin) Roosevelt
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စုတိုက်ခဲ့သည်မှာ မည်သူနည်း။
● ဂျပန် (Japan) ● ဂျာမဏီ (Germany) ● အီတလီ (Italy) 
အိုက်စင်ဟောင်ဝါ သမ္မတမဖြစ်မီက ဗိုလ်ချုပ်ဖြစ်ခဲ့ဖူးသည်။ မည်သည့်စစ်ပွဲတွင် သူ ပါဝင်ခဲ့သနည်း။
● ဒုတိယကမ္ဘာစစ် (World War II